Feb 3, 2011

မုန်တိုင်းရဲ့ ကျောရိုး နှင့် ၀တ္ထုတိုများ

ဝတ္ထုတိုတချို့ ပြန်ဖတ်ချင်တယ်လို့ သူငယ်ချင်းတယောက်က ပြောလာတာနဲ့ ကျမကို တယောက်လုပ်ပေးထားတဲ့ ဒီ Ebook လေးကို တင်ပေးဖို့ စိတ်ကူးရပါတယ်။ ဒီစာအုပ်လေးကို ဘယ်သူလုပ်ပေးတယ်ဆိုတာ ကျမ မသိပါ။ ကျမဆီကို အီမေလ်နဲ့ ပို့ပေးတာပါ။ ကျမဖြင့် ကျေးဇူးတင်လိုက်တာ။ ဒါပေမဲ့ သူ အဲလို လုပ်ပေးမယ်ဆိုတာ မသိတော့ ကျမ စာတွေကို ပြန်မစစ်လိုက်ရလို့မို့ Blog မှာ တင်တုန်းက စာရိုက်မှားထားတာလေး တချို့တော့ မစင်ဘဲ ပါသွားပါတယ်။ နည်းနည်း ရုပ်မလှတဲ့ အမှားလေးတချို့လည်း ရှိပါတယ်။ ဥပမာ.. ထွက်ပြေးတဲ့အခါ ၀တ္ထုမှာ
ထွက်ပြေးတဲ့အခါ
နာကျင်ခြင်းမြွေတွေက
ခန္ဓာကိုလိမ်ပတ် ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူး မျက်ဆံပြူးနဲ့ ရုန်းထ
သူ့ဘ၀ကို ပိုရုပ်ကြွလာစေပြန်တယ်..

ဆိုတဲ့အပိုဒ်မှာ မျက်လုံးပြူး မျက်လုံးပြူးနဲ့လို့ ဖြစ်နေတာမျိုးပါ။ ဒီတော့ တချို့ စာလုံးအကျ အမှားတွေကို ဖာသာပဲ ဖြည့်ဖတ်ကြပါတော့နော်..။


4 comments:

စိုးသင့်ဆွေ said...

"A Phay" is so touching.

the day with missing. said...

ကျွန်တော်ဆရာမရဲ့ စာဖတ် ပရိတ်သတ်တစ်ဦး ဖြစ်သလို ဘလော့လ် ပရိတ်သတ်တစ်ဦးပါ။ကျွန်တော် ဆ၇ာမရဲ့မြသိတာရဲ အဝေးမှာကိုဖတ်ရင်း ကြိုက်လို့ coppy လုပ်ပြီး သိမ်းထားပါတယ်။ နောက်တော့ ကျွန်တော်ရဲ့ scribd အကောင့်မှာ ထင်ထားမိတယ်။ဆရာမကိုလည်း ခွင့်မတောင်းမိဘူး။ကျွန်တော့် scribd
မှာ လည်း အခြားစာအုပ်တွေထက် ဆရာမ စာအုပ်က readcast အများဆုံးပဲ၊ အခု ဒီ post ဖတ်မိပြီး အရင်က ဆရာမကို ခွင့်မတောင်းမိတာ ခွင့်လွတ်ပါ။ကျွန်တော် account name က mgmgkhant007 ပါ။အဲဒါ ဆရာမ မကြိုက်ရင်လည်း ကျွန်တော့်အကောင့်က ဖျက်ပေးပါမယ်။ဆရာမ အဲဒိ pdf ကို လိုချင်တယ်ဆိုရင်လည်း ကျွန်တော့ဘယ် email ကိုပို့ပေးရပါ့မလဲခဗျာ။အမှားပါရင်ခွင့်လွတ်ပါ။
ဆရာမကို ကျေးဇူးတင်လျက်

မေငြိမ်း said...

ကိုမောင်မောင်ခန့်ရေ..
ကိစ္စမရှိပါဘူးရှင်။
ကျမရေးတဲ့စာတွေကို ဒီအတိုင်းပြန်တင်တာပဲ..
ပိုတောင်ပျံ့ နှံ့ သေးတာမို့ ကျေးဇူးတောင်တင်ရမှာပါ။ ဆက်ထားပါရှင်။

တော်ဝင် said...

ကိုရာကျော်နဲ့အဆက်သွယ်ရချင်တယ်
ပေါက်ကျိုင်း