ပြီးခဲ့တဲ့ ၄နှစ် ...
လေထန်ကုန်းကို သိသိသာသာ လှုပ်ခတ်သွားစေတဲ့ မုန်တိုင်းငယ်တခု။
ထူးအိမ်သင် ဆုံးပြီ... တဲ့။
ငှက်ကြီး ... သွားပြီ... တဲ့။
ကိုသျှပ်တော့ တကယ် သွားပြီ..တဲ့။
ဘဲဥ ဆုံးပြီ.. တဲ့။
(၁၊၇၊ ၁၉၆၂ - ၁၄၊၈၊၂၀၀၄)
ဆင်းရဲတွင်း ဘယ်လောက်နက်လည်း.. ကျနော်ဟာ အမေ့ရဲ့သား... မိုက်မိုက်မဲမဲ ရိုးသားနေဆဲ.. ဆိုတဲ့ စကားကို သေတဲ့အထိ တည်ခဲ့သူ။
သူဟာ...
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ.. ပန်းပွင့်တွေ ဆုတောင်းနေ..
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ.. ကျေးငှက်တွေ တောင်းဆိုနေ ... လို့ ယုံကြည်စွာနဲ့
ငြိမ်းချမ်းရေးကို လိုလားခဲ့သူ...။
သူဟာ...“ မြို့ပြရဲ့လမ်းများပေါ် လျှောက်သွားရင်းနဲ့မောပန်းနွမ်းနယ် နှလုံးသား က လွမ်းဆွတ်လို့ တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို အေးမြတဲ့ အမေ့ရဲ့ မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့ ....”
လို့ အမေကို ဆွတ်ဆွတ်ပျံ့ပျံ့ လွမ်းတတ်တဲ့ သားး။
သူ့ရဲ့ "ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့စိတ်ကလေးတားမရဘူး..."
သူ.... မရှိတော့မှ"ဥာဏ်ပညာရယ်..ချစ်ခြင်းတရား.. လှပတဲ့နေ့ရက်တွေ ရှိဦးမလား....
လို့ သူတောင့်တခဲ့တာကို ကျမတို့ ကြားကြရအောင် သူ့သူငယ်ချင်း လေးဖြူနဲ့ Iron Cross တွေ ဆိုပြလို့ သိရပြန်တယ်။
ဒီဥာဏ်ပညာရယ်..ချစ်ခြင်းတရား.. ဒီဘ၀မှာ ဆိုးဝါးတဲ့ အဓမ္မကို နိုင်ဦးမလား...
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ ကမ္ဘာသစ်ရယ်..
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ အိပ်မက်ရယ်..
အိုးး... သွားမယ်.. အိုး....သွားမယ်.. အိုးး.... ရှာမယ်...."
ကျမတို့ ကမ္ဘာ.. ကျမတို့ တိုင်းပြည်မှာ လိုနေတာ..
ဥာဏ်ပညာနဲ့အတူ... ချစ်ခြင်းတရားပါ ပူးတွဲရှိဖို့။ ဒါက အရှင်းဆုံး..ပြီးတော့ အသေချာဆုံး လိုအပ်ချက်။
ခု အနီးဆုံး ကျမတို့ တိုင်းပြည်မှာ ဥာဏ်ပညာရှိရင်တောင်မှ ချစ်ခြင်းတရားမရှိကြတဲ့ အစိုးရကြောင့် ပြည်သူလူထု စိတ်ဆင်းရဲနေကြရ..ဒုက္ခရောက်နေကြရ..။
အဲလိုပဲ ကျမတို့နဲ့ အလှမ်းမဝေးလှတဲ့ နေရာတွေမှာရော.. ဥာဏ်ပညာနောက်ကို ချစ်ခြင်းတရားက မလိုက်ပါလို့မို့ စစ်မက်တွေဖြစ်ကြ..။
စာရေးဆရာမ "ဂျူး" ရေးသလို အမုန်းကြောင့် ဖြစ်တဲ့ စစ်ပွဲတွေ...။
ခုထိ သေချာတာက... ကျမတို့အားလုံး လိုချင်တာဟာ..
ကိုငှက်ပြောခဲ့တဲ့အတိုင်း ..."ဥာဏ်ပညာရယ်..ချစ်ခြင်းတရား.. တောက်ပတဲ့နေ့ရက်တွေ ကြုံဦးမလား....
ဒီဥာဏ်ပညာရယ်..ချစ်ခြင်းတရား.. အိုး ဆိုးလွန်းတဲ့ အဓမ္မကို နိုင်ဦးမလား...
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ ကမ္ဘာသစ်ရယ်..
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ အိပ်မက်ရယ်.......
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ ကမ္ဘာသစ်ရယ်..
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ အိပ်မက်ရယ်.......
ဘာပဲပြောပြော..
ကိုငှက်ကတော့ တနည်းတဖုံနဲ့ အေးရာရောက်သွားခဲ့ပြီ..။
ကျမတို့ကတော့....
ဥာဏ်ပညာရယ်..ချစ်ခြင်းတရား.. လှပတဲ့နေ့ရက်တွေ ကြုံဦးမလား....လို့
ရှာဆဲ.. ရှာဆဲ.. ရှာဆဲ.........
ချစ်ခြင်းအားဖြင့်
မေငြိမ်း
7 comments:
long live democracy.....Wish all of u got freedom of human soon...
from thailand friend
Thanks for link!! A Ma Yae!!! Listening A Mae Ein!! Mingalarbar Byar!!!
ဆရာမရေ
သီချင်းလေးက အခုအချိန်အထိ အသက်ဝင်ဆဲ ပဲ။ ချိုသင်းတို့ရော အဲလိုရက်တွေကို ကြုံနိုင်ပါအုံးမလား..
အိမ်ပြန်စော တဲ့ သီချင်းငှက် ကို သတိရမိပါတယ်။
ဟားဟားဟား...လာပြန်ပြီ..ကိုငှက်လွမ်းချင်းတဲ့ ....နောက်တခါ ဘာလွမ်းချင်းတွေ တမ်းချင်းတွေ ရေးဦးမလဲဗျာ...နောက်တခါ ဘယ်သူ့အလှည့်လဲ ...
ဂျပ်ဆင်ထိပ်မှာ လရိပ် လည်းမရှိတော့ဘူးပေါ့…
အမြဲရှင်သန်နေမဲ့ နာမည်တခုနဲ့ သူ့အနုပညာတွေ
သူက
မနက်ခင်းလေးကို ကိုယ်မြင်တွေ့ ရနိုင်ဖို့ အတွက်… လမ်းပျောက်တဲ့ညတွေ…စတေးမယ်
အနီရောင် အလှဆုံးနှင်းဆီ အို ပွင့်လန်းဖို့ ဆို… ဆူးခက်များအဖြစ်…စတေးမယ်
တဲ့ မ ရေ… ဒါပေမယ့် မနက်ခင်းလေးမှာ နှင်းဆီတွေပွင့်တာ သူမမြင်သွားရဘူးလေ….
Post a Comment