Jul 19, 2009

၆၂နှစ်မြောက် အာဇာနည်နေ့


အဲဒီ ဇူလိုင် ၁၉မှာ မြန်မာနိုင်ငံရဲ့ သူရဲကောင်း ပုဂ္ဂိုလ်မွန်တွေ ကျဆုံးတယ်။
အဲဒါဟာ... လင်းပတော့မယ့် အနာဂတ်နိမိတ်မိုးသောက်ကြယ်ကြီး လွင့်ကြွေတာလည်းဖြစ်တယ်။
အဲဒါဟာ... ဗိုလ်ချုပ် ဦးဆောင်မယ့် ထိပ်တန်းနိုင်ငံတခု ပြိုလဲသွားတာ..။
အဲဒါဟာ... ဦးဘ၀င်း ဦးဆောင်မယ့် ယဉ်ကျေးလိမ်မာတဲ့ လူ့အဖွဲ့အစည်းတခု ယိုင်လဲတာ...။
အဲဒါဟာ... မန်းဘခိုင် ဦးဆောင်မယ့် ကရင်ဗမာသွေးစည်းရေးကို တွန်းလှဲလိုက်တာ..။
အဲဒါဟာ... မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း ဦးဆောင်မယ့် တိုးတက်ထွန်းကားမယ့် တောင်ပေါ်ဒေသကြီးကို အက်ကြောင်းထင်စေခဲ့တာ...။
အဲဒါဟာ... ဦးရာဇတ် ဦးဆောင်မယ့် နိုင်ငံတကာအဆင့်မီ တတ်သိလိမ်မာစေမယ့် ပညာရေးစနစ်တခုကို ရိုက်ချိုး ဖျက်ဆီးလိုက်တာ...။
အဲဒါဟာ... ဒီးဒုတ်ဦးဘချို ဦးဆောင်မယ့် စာပေ ဂီတအနုပညာကောင်းတွေနဲ့ ဖွဲ့စည်းတဲ့ ကမ္ဘာ့သမိုင်းဝင် နိုင်ငံတော်ကြီးရဲ့ အဆင့်အတန်းကို တိုးတိမ် မှိန်ဖျော့သွား စေခဲ့တာ..။
အဲဒါဟာ... သခင်မြ ဦးဆောင်မယ့် သိမ်မွေ့လိမ်မာပြီး ပြတ်သားထက်မြက်တဲ့ သူတွေနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံရေး လောက တခု အချေမှုန်းခံရတာ...။
အဲဒါဟာ... ဦးအုန်းမောင် ဦးဆောင်မယ့် တိုင်းပြည်ကောင်းစားရေး လိုလားတဲ့ ဦးဆောင်သူတွေနဲ့ ဖွဲ့စည်းမယ့် အုပ်ချုပ်ရေး အသိုင်းဝိုင်း တခု အဖြိုဖျက်ခံရတာ...။
အဲဒါဟာ ရဲဘော်ကိုထွေး ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတွေကို အသက်ပေး စောင့်ရှောက်တတ်တဲ့ စစ်သည်ရဲဘော်တွေရဲ့ အခန်းကဏ္ဍကို ပျောက်ကွယ်သွားစေခဲ့တာ..။

အဲဒါဟာ... မြန်မာနိုင်ငံရဲ့ လှပတော့မယ့် အနာဂတ်ကို ပစ်ချခံလိုက်ရတာလည်းဖြစ်တယ်။
အဲဒါဟာ...ခုချိန်ထိအောင် ၆၂နှစ်တိုင်တိုင် အရုဏ် မတက်နိုင်ဘဲ ရှိဆဲ...။ ဘယ်တော့ လင်းမလဲ.. စောင့်ဆဲ..။

အာဇာနည်ကြီးများအား အစဉ်အမြဲ ဦးညွှတ် အလေးပြုပါ၏..။

9 comments:

မမသီရိ said...

ုချိန်ထိအောင် ၆၂နှစ်တိုင်တိုင် အရုဏ် မတက်နိုင်ဘဲ ရှိဆဲ...။
ဘယ်တော့ လင်းမလဲ.. စောင့်ဆဲ..။

စည်သူ said...

ဟုတ်ပါတယ်ဆရာမရယ်..။
အများကိုမဆိုလိုပါဘူး..။
ကျွန်တော်ကိုယ်တိုင် အခုချိန်ထိ
ကျောင်းသားငယ်လေးတစ်ယောက်လို
ဆရာမ ရှေ့မှာ လက်ပိုက်ပြီးရပ်နေမိလို့ ပါပဲ..။
လေးစားစွာဖြင့်
.........စည်သူ။

Rita said...

ဘယ်တော့ လင်းမလဲ စောင့်ဆဲ

yaewoori said...

လာဖတ်ရင်းနဲ့ကျဆုံးလေပြီးသော
အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ

ခြေလှမ်းသစ် said...

အလင်းဟာ ကျန်ုပ်တို့ ရှေ့ မှာ ရှိနေပါတယ်.. တိုက်ယူမှ ရမှာပါ... ကြွေသွားတဲ့ ကြယ်တွေ နေရာမှာ ကြယ်အသစ်တွေ .. ထပ်ပေါ်ရမယ်... ဒီနေရာကနေ အာဇာနည်ခေါင်းဆောင်များအား အလေးပြုသွားပါတယ်

Nge Naing said...

အာဇာနည်တွေကို လာပြီး အလေးပြုသွားပါတယ်။

ဧရာဝတီသား said...

လာရောက် အလေးပြုသွားပါတယ်။

PhotoVigor said...

Daw Aung San Su Kyi= Rediscovery of Democracy.
Long live Daw Aung San Su Kyi.

nagarni2009 said...

သူများနည်းတူ အလေးပြု တာ နှစ် ၄၀ကျော်ခဲ့ပြီ။
ငယ်တုံးက ဗိုလ်ချုပ်ပြတိုက် ကြည့်ဖို့ လူ ၁၀၀၀၀နီးပါး
တန်းစီ၇တယ် ၃၇က်ဆက် ရက်တိုးတယ် ၅ရက်ဒီနှစ်
မကြည့်လိုက်ရလို့နောက်နှစ်ညကတည်းကတန်းစီတယ်
တကယ်တော့ ပုဂိုလ်ေ၇းအာဃာတ ကြီးလွန်းတဲ့ဦးစော
ကို မောင့်ဘက်တန်တပည့်တွေနဲ့အမ်အိုင်၆ ကဦးစီးပြီးဗိုလ်ချုပ်တို့ကိုသတ်တာသေချာတယ်ဘီဘီစီကပဲတင်ပြ
တယ်လေ ဖိုင်အားလုံးကသက်သေပါ။
ဦးစောကိုမျက်လုံးထွက်အောင်မြေနီကုန်းအ၀ိုင်းမှာ
သေနတ်နဲ့ပစ်တာပြည်သူရဲဘော်ကဆိုတော့ဗိုလ်ချုပ်ကို
မုန်းပြီပေါ့၊ဗိုလ်ချုပ်ကလည်း သူသေပေးမှ ရမယ်ဆို
တာ ကြိုသိတဲ့အကြောင်း ဆာဒေါ်မန်စမစ်ကိုပြောပြဖူး
တယ်လေ
အခုလည်း လက်နက်ကိုင်ခွင့်ရသုတွေ ၀ိုင်းနေတဲ့
ဒေါ်စုကို ဘယ်အရူးက မှားပစ်ပါတယ် ဆိုပြီးလုပ်လာ
နိုင်ပါတယ် ဥပမာ ဖူဂျီဟောက်စ် ကိုကြည့်ပါ။
အာဇာနည်နေ့ကိုေ၇ာက်တိုင်း ယနေ့ဗိုလ်ချုပ်တွေ
သေနတ်ကိုင်တွေ ကြားမှာနေပြီး လက်နက်မဲ့ပြည်သူကို ဗိုလ် ကျ နေတာကိုမြင်
ရတော့ ၇ယ်ချင်မိတယ် ခါးမှာ ဗျောက်ကြီးချိတ်ပြီး
ဝါဆိုသင်္ဃန်းတို့ ကထိန်သင်္ဃန်းတို့ကပ်တာကို
တွေ့ ရတော့ သံသရာ မှာ ဒီလူတွေ ကျန်နေမှာ
သနားမိတယ်လေ
အော်ဗိုလ်ချုပ် လမ်းဘေးမှာ ၀န်ကြီးချုပ်ဘ၀က ကျောက်ကျောရှာလပါတ်၇ည်ဝယ်သောက်တာ
အတွင်းဝန်ရုံးကို ကားပျက်လို့ ခြေလျင်လျှောက်သွား
တာ မြန်မာတွေကို ယုံမိခဲ့တာကိုး....

အလင်းကို ဘယ်တော့လင်းမလဲလို့ စောင့်လို့မရပါ
အသေးဆုံးကြယ်လေးက စကြာဠာကြီးကို လင်းစေ
သလို ဖယောင်းတိုင် သေးလေးကမီးရောင်ဟာလည်း
အခန်းကျယ်ကြီးကို လင်းစေပါတယ်
ဒို့အားလုံး တစ်တိုင်စီထွန်းရင် ဒို့ချစ်တဲ့ ဗမာပြည်
လင်းတာကြာပါ ပကော ခလေးတို့ရေ...