May 1, 2008

ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်...

ပုံတွေပေါ်မှာ click လုပ်ပီး ဖတ်ပါ.. ။ PDF file နဲ့တင်ရင် မဖတ်ဖြစ်ကြမှာစိုးလို့ပါ..။



4 comments:

Nge said...

ဆရာမရေ- ဒီ Post ကို မစ္ဈိမှာ ဖတ်ပြီးပါပြီ။ အခုလို ကောင်းနိုးရာရာလေးတွေ စုစည်းတင်ပေးတာ ကျေးဇူးတင်ပါတယ်။ ဆရာမ site ကို အမြဲလာလည်နေတဲ့သူတွေကိုလည်း ပညာပေးပြီးသား ဖြစ်သွားတာပေါ့။ စစ်ခေါင်းဆောင်တွေကလွဲရင် တခြားဒီမိုကရေစီကို အပြစ်တင် ဝေဖန်နေတဲ့သူတွေမှာလည်း ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ်ရှိကြပါလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ တသွေး၊ တသံ၊ တမိန့်အောက်မှာ ကြီးပြင်းတဲ့သူတွေကို ဒီမိုကရေစီဆိုတာကို အသံကြားရင် တီကောင်ကို ဆားနဲ့တို့သလိုပဲ ခံစားနေရတဲ့ ဘ၀က လွတ်မြောက်သွားအောင် ကူညီသင့်ပါတယ်။ သူတို့က အသံကြားရုံနဲ့ ကြောက်နေတဲ့ ဒီမိုကရေစီဆိုတာကို လက်တွေ့ခံစားကြည့်ရင် သူတို့ အမှောင်ထဲကနေ မျက်စီအသေမှိတ်ပြီး ထင်ထားသလို မဟုတ်ဘူးဆိုတာ သဘောပေါက်သွားလိမ့်မယ်။ ဒီမိုကရေစီဆိုတာ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်ထိ အကျိုးပြုတယ်ဆိုတဲ့ ပညာပေးမှုတွေ လိုနေပါတယ်။

Nge said...

မြန်မာပြည်မှာတော့ ကျေးလက်ဒေသတွေမှာ ကြိုတင် ထောက်ခံမဲတွေ ကောက်ခံနေတယ်ဆိုတာ တကယ်ပါပဲ။ ဒီနေ့ပဲ အသိတယောက်ကို ဖုန်းဆက်မေးလို့ သိရပါတယ်။ ၁၀ ရက်နေ့ကျရင် အကုန်လုံးမဲမပေးလိုက်ရမှာ စိုးလို့ တချို့ကို ကြိုတင်ကောက်ခံတယ်လို့ ဆိုတယ်။ မှတ်ပုံတင် နံပါတ်တွေမေးပြီး ဗြောင်ပဲ အမှတ်ခြစ်ပေးခဲ့ရတယ်လို့ ပြောတယ်။ ဒီအတိုင်းဆို ဒီဆန္ဒခံယူပွဲရဲ့ ရလဒ်ကဘယ်လိုမှ အစစ်အမှန်ထွက်လာဖို့မရှိဘူး။ ထမင်းနပ်မှန်ဖို့တောင် မနည်းရုန်းကန်နေရတဲ့ တောကလူထုတွေ ပြည်ပမီဒီယာတို့ ဘာတို့ နားထောင်ဖို့လည်း စိတ်ဝင်စားချိန်ရမှာ မဟုတ်ဘူး။ NLD က လည်း အဲဒီအထိ ဆင်းပြီးစည်းရုံးဖို့ အခြေအနေပေးမှာ မဟုတ်ဘူး ကံစီမံရာလို့ပဲလို့ သတ်မှတ်ရတော့မလို ဖြစ်နေပြီ။

Prof. Dr. Mg Htai said...

ကန့်လန့်ကာတို့၏နောက်ကွယ်၌


အများသူငှာ Promotion တွေလုပ်ကြတော့ အားကျမခံ လုပ်လာတာတခုရှိပါတယ်။ Political Promotion ပါ။ Business စတိုင်နဲ့ပေါ့။ လုပ်တဲ့သူက US Campaign မှ ကိုအောင်ဒင်ပါ။ Hollywood Stars တွေက တက်တက်ကြွကြွပါဝင် လှုပ်ရှားနေတယ်လို့ မြန်မာမီဒီယာများမှာ ဂုဏ်ယူဝင့်ကြွားစွာဖော်ပြကြပါတယ်။ နောက်မှာက Plan နဲ့ Fund နဲ့ပါ။ ကိုယ့်ထမင်းကိုစားပြီး ဂျီးတော်နွားမကျောင်းကြပါဘူး။ အထူးသဖြင့် US မှာပေါ့ဗျာ။

Mr. Bush က မြန်မာပြည်သူတွေနဲ့အတူ တတန်းတည်းရပ်တည် အားပေးနေတယ် ပြောသော်လည်း တကယ်က ဝေးလှတဲ့ မြန်မာပြည်က အရေးကို စိတ်မ၀င်စားကြပါဘူး။ ဘယ်သူတွေလုပ်နေမှန်းတောင် US ပြည်သူတွေ ကောင်းကောင်းမသိကြဘူးဆိုပါတယ်။ သည့်အတွက်ကြောင့် လှုပ်ရှားသူများက နည်းလမ်းရှာ နေရပါတယ်တဲ့။ "Activists must figure out how to make Americans care about a distant crisis with complex causes involving relatively unknown players." လို့ ဆောင်းပါးရှင် Alex Williams ကပြောပါတယ်။

အခြေအနေအရ မနေသာတော့တဲ့အတွက် စီးပွားရေးလုပ်ငန်းဆန်တဲ့ Brand-Up Plan ကြီး စကြရပါတယ်။ ကိုအောင်ဒင်အဖွဲ့ရဲ့ ပါတနာလည်းဖြစ်၊ လူ့အခွင့်အရေးအဖွဲ့တခုရဲ့ တည်ထောင်သူ လည်းဖြစ်တဲ့ Jack Healey က “In a certain sense, you have to ‘brand’ it up, it’s the nature of the business now.” လို့ဖွင့်ဟ သွားခဲ့ပါတယ်။ စီးပွားရေးဆန်ဆန်လုပ်ရတာဆိုတော့ အကျိုးအမြတ်ပါ အလေးအနက်စဉ်းစား လာကြပါတယ်။

ငွေရင်းကို ဘယ်သူစိုက်ထုတ်တယ် မသိရပေမယ့် (ဇာတ်လမ်းတိုများ အပါအ၀င်) CD၊ DVD၊ Games များရောင်းချရမှုထဲက ၁၀ ရာခိုင်နှုန်းကိုပဲ ကိုအောင်ဒင်တို့ US Campaign for Burma အဖွဲ့က ရမှာဖြစ်ပါတယ်။ US မှာထောက်ခံလှုဒါန်းမဲ့ မြန်မာပြည်သူနည်းပါးတာလည်း တပိုင်းပါတာကြောင့် အထွေထွေအသုံးစရိတ် ခွင့်ပြုနိုင်စွမ်းကို နာမည်ကျော် ဒါဖာကန်ပိန် ကုန်ကျစရိတ်နှင့် " The campaign’s total budget would “not equal one week of Darfur’s budget." လို့ ယှဉ်ပြသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် လုပ်ဖြစ်သမျှလေး အလဟဿမဖြစ်ရအောင် ကိုအောင်ဒင်တို့အဖွဲကလည်း အမြင်ကျယ်ကျယ်ထားပြီး မိမိတို့နဲ့ သဘောညီတဲ့ နာမည်ကျော်များကိုသာ စနစ်တကျ ရွေးချယ်ခဲ့ပါတယ်။ ဓမ္မဓိဌာန်ကျတဲ့ အမြင်တွေပါမလာရအောင်၊ လိုတိုရှင်းနဲ့ သူတို့ပေးထားတဲ့ အချက်အလက်များကိုပဲ ပြောဆိုပြီး စိတ်ဝင်စားမှုရယူနိုင်အောင် စားသုံးကုန်ပစ္စည်း ဈေးကွက်တင်သူတွေလို၊ ထောက်ပံ့ရေးအေဂျင်စီတွေလို Brand-building နည်းဗျူဟာများ သုံးစွဲပြီးရွေးချယ်လုပ်ဆောင်ခဲ့ကြောင်း ဒီလိုပြောပြသွားပါတယ်၊ "The Burma campaign has decided to use some of the same brand-building strategies — simplified narratives, clear-cut imagery and, of course, the most carefully selected celebrities — used by other successful aid agencies, or even consumer-goods marketers"။ နိုင်ငံရေးလည်း ကြော်အောင်ငြာတာနဲ့ မကင်းနိုင်ရှာတော့ပါဘူး။

သူတို့ အဓိကရည်ရွယ်တာကတော့ Celebrities များက တက်တက်ကြွကြွ သံပြိုင်ညီညာနဲ့ ချက်ချင်းအရေးယူလုပ်ဆောင်ပေးရန် ဟစ်ကြွေးကြဖို့ ဖြစ်ပါတယ်။ "All with a chorus of earnest celebrities crying “Urgent!" ပါတဲ့။ ဟစ်ကြွေးချင်ကြအောင်လည်း အကုန်အကျခံထားရပါတယ်။

သို့သော် ခေတ်ပေါ် Promotion ရေစီးကြောင်းထဲမှာ ဘယ်သူတွေ ဘယ်လိုပဲ အောင်မြင်မှုတွေရအောင် လုပ်နိုင်လုပ်နိုင်၊ ကိုယ်လိုရာသရုပ်ဖော်ချက်တွေနဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ နောက်ဆုံးမှာ US ပြည်သူတွေက စိတ်မ၀င်စားပဲ၊ ‘that lady in Burma,’ လို့ပြောနေဆဲဆိုရင်တော့ "then you’ve got nothing" ပါလို့ ပါဝင်လုပ်ဆောင်သူတယောက်က သတိပေးသွားကြောင်းပါ ခင်ဗျာ။

ကန့်လန့်ကာနောက်ကွယ်ကို စာဖတ်သူများ ထွင်းဖောက်မြင်နိုင်ကြပါစေ၊

ပရောဖက်ဆာ ဒေါက်တာ မောင်ထိုင်း

မှတ်ချက်။ လိုအပ်သောအချက်အလက်များကို Alex Williams ၏ NY Times ဆောင်းပါးမှ ရယူပါသည်။

Nge said...

ကန့်လန့်ကာရဲ့နောက်ကွယ်မှာ ဘာကြီးပဲ ရှိနေရှိနေ၊ ဒီမိုကရေစီအတွက် ကိုယ်နိုင်ရာနေရာကနေ ပါဝင်ဆောင်ရွက်ကြတာကို ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ လမ်းကြောင်းကို သွားနေတဲ့သူတွေအနေနဲ့ ဘာမှစောတက တက်စရာမလိုဘူး။ ကိုအောင်ဒင်က လုပ်နည်းမဟုတ်ရင် ဒီမိုကရေစီသမားတွေ အချင်းချင်း ပြောကြလိမ့်မယ်။ ပရော်ဖက်ဆာလည်း ပညာဘယ်လောက်ပဲတတ်တတ် စိတ်ဓါတ်မမှန်ရင် အဲဒီပညာဟာ သုံးစားလို့မရဘူး။ သုံးစားလို့မရလို့ ဒီအတိုင်းရှိနေတာက အကြောင်းမဟုတ်ဘူး အခုလို ကိုယ့်နဲ့မဆိုင်ပဲ ၀င်ဝင်ရှုပ်တာက နှောင့်ယှက်တာ သက်သက်ဖြစ်ပါတယ်။ ပရော်ဖက်ဆာဟာ ပရော်ဖက်ဆာလိုနေပါ။ အများလိုလား တောင်းတနေတာ တခုဟာ မိမိဆန္ဒနဲ့ မကိုက်ည်ီပါက ဘယ်လို ပြုမူကျင့်ကြံ နေထိုင်ရတယ်ဆိုတာ တကယ့်ပရော်ဖက်ဆာဆိုရင် သိသင့်တယ်။ အခုလိုမသိတော့ နေပြည်တော်က ပညာမတတ်တဲ့ စစ်ဗိုလ်တွေ ပေးထားတဲ့ ပရော်ဖက်ဆာဘွဲ့လားလို့ သံသယဖြစ်မိတယ်။