Oct 31, 2007

ဖြန့်ဝေခြင်း(၅၆)

(ဒီက ယူပါတယ်)
သေစာရှင်စာ
နိုင်ငံကူးလက်မှတ် မရှိဘူး
ဘ၀ကူးလက်မှတ်တော့ ရှိတယ်
နေ့ကိုစွဲသေပြီး နေ့စွဲဖြစ်ခဲ့
နေ့စွဲလေးတစွဲပါပဲ


သီတင်းကျွတ် လပြည့်ညကောင်းကင်မှာ
မီးပုံးပျံတွေမြင်မှ
ဘယ်တုံးကမှ မှိုင်းမ၀ဘူးတဲ့
ကိုယ်နှလုံးသားကိုလည်း သတိတရနဲ့

ပီကာဆိုလွှတ်လိုက်တဲ့ ချိုးငှက်

ပီကာဆိုလက်ထဲ ပြန်မရောက်နိုင်ခဲ့

တရား...တရားဆိုလား

ဘုရား...ဘုရားဆိုလား
မျှပြီးတကြရ

ကြားဖူးတယ်..

ကြားဖူးတယ်
တရားဆိုတာ

မျှတမှုပဲဆိုလား
ကြားဖူးတယ်
ငါ့ ဘောပင်လေးကိုတော့ ခွေးစာမကျွေးနိုင်ပါ


ဟဲလို.....

၃၁ဘုံခင်ဗျား

ရမ္မက်ကြီးလွန်းလို့

အရင်းအတိုင်း ထိုင်မြည်းနေတာ။ ။


သစ်ကောင်းအိမ်

(၂၅၊ ၁၀၊ ၂၀၀၇)

1 comment:

M.Y. said...

အင်မတန်ကျစ်လစ်အားကောင်းတဲ့ကဗျာတစ်ပုဒ်ပဲ…
သစ်ကောင်း ရော ပြန်လည်တင်ပေးတဲ့ အစ်မရော..ကျေးဇူး.