Oct 19, 2007

မွေးနေ့ဆုတောင်း

ဒီကနေ့ (အောက်တိုဘာလ ၁၈ ရက်)ဟာ ကျမတို့ မြန်မာနိုင်ငံ... ဒီမိုကရေစီရေးတိုက်ပွဲ သမိုင်းရဲ့ ဦးဆောင် သူရဲကောင်းတွေထဲမှာ တယောက်အပါအ၀င်ဖြစ်တဲ့ ကိုမင်းကိုနိုင်ရဲ့ ၄၅နှစ်မြောက် မွေးနေ့ပါ။

ကိုယ်ပိုင်ဘ၀ကို နိုင်ငံအတွက် ပေးဆပ်ထားတဲ့၊ နိုင်ငံလွတ်မြောက်ရေး အတွက် တစိုက်မတ်မတ် ကြိုးပမ်းနေတဲ့၊ စဉ်းစားနေတဲ့ ကိုမင်းကိုနိုင်.. ဒီကနေ့မှာကျရောက်တဲ့ ၄၅နှစ်မြောက်မွေးနေ့က စလို့ ရှေ့ဘ၀ခရီး တလျှောက်မှာ အန္တရာယ်ခပ်သိမ်း ဘေးရန်ခပ်သိမ်းမှ ကင်းလွတ်ငြိမ်းပြီး၊ သူလိုချင်တဲ့.. လွတ်လပ်တဲ့.. ငြိမ်းချမ်းသာယာတဲ့.. မြန်မာနိုင်ငံကို အမြန်ဆုံး မြင်တွေ့ရပါစေ…. လို့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်းပေးလိုက်ပါတယ်...

မေငြိမ်း


No comments: