May 15, 2008

ဖြန့်ဝေခြင်း(၄)

ရေသန့်ရအောင် လုပ်နည်း

သောက်ရေသန့်ရဖို့ မလွယ်တဲ့အခါမှာ ရေကို ကိုယ့်ဘာသာ သန့်အောင် လုပ်နိုင်ဖို့လိုပါတယ်။

- ရေသေချာစစ်နိုင်အောင် သန့််ရှင်းတဲ့ အ၀တ်ဟောင်း(ပုဆိုးလို ပိတ်ပါးစ) လိုပါတယ်။ အဲဒီအ၀တ်ဟာ သေချာ လျှော်ဖွတ်ပြီး ခြောက်အောင်လှန်းထားတဲ့ ပိတ်စဖြစ်ရပါမယ်။

- အ၀တ်ဟောင်းက ရေစစ်အား ပိုကောင်းပါတယ်။

- အဲဒီအ၀တ်ဟောင်းမျိုးကို ၄ထပ်ကနေ ၈ထပ်လောက် ခေါက်ထားပြီးမှ ရေကို စစ်ယူရပါမယ်။

- ရေသန့်ဆေး မရနိုင်တော့တဲ့အခါ အဲဒီအဆင့်လောက်မှာ သောက်သုံးနိုင်ပါတယ်။

- ဒါပေမဲ့ ရေသန့်ဆေးခပ်ပြီး သုံးနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

ရေသန့်ဆေးတွေဖြစ်တဲ့ ကလိုရင်း၊ အိုင်အိုဒင်း၊ ရေသန့်ဆေးပြားတွေကိုသုံးရင် အနံ့ရှိပေမဲ့ ကျန်းမာရေးကို မထိခိုက်စေပါဘူး။ ပြီးတော့ ရောဂါပိုးတွေကို သေစေပါတယ်။

ရေသန့်ဆေးသုံးနည်း

- ရေသန့်ဆေးပြား၊ ကလိုရင်း ကို သုံးတဲ့အခါ ဆေးဗူးမှာပါလာတဲ့ ညွှန်ကြားချက်အရ သုံးစွဲပါ။

- အိုင်အိုဒင်းကို သုံးလျှင်တော့ ရေသန့်ဗူးတစ်ဗူးစာကို ၅ စက်၊ ရေတစ်ဂါလံစာကို ၂၅စက်၊ ရေသန့်ဗူးကြီး တစ်ဗူးစာကို အစက်၁၀၀ ထည့်ရပါမယ်။ ဆေးထည့်ပြီး မိနစ်၃၀(နာရီဝက်)ကြာမှ အဲဒီရေကို သောက်သုံးရ ပါမယ်။

- ရေမကြည်ရင် နှစ်ဆ ထည့်ရပါမယ်။

-အိုင်အိုဒင်းရေသန့်ကို ရက်သတ္တသုံးပတ်ထက်ပိုပြီး စွဲမသောက်သင့်ပါ။ ဒါပေမဲ့ ရေသန့်မရနိုင်သေးတဲ့အခါ မှာတော့ အိုင်အိုဒင်းရေကိုသာ ဆက်သောက်နေသင့်ပါတယ်။

No comments: