Sep 2, 2007

အကြိုက်ဆုံး ပို့စ် (၅)ခု

အမှန်အတိုင်းပြောရရင်.. ဒီတလော ဘာစာအသစ်မှ မရေးချင် ရှိနေတာ။
ကိုရန်အောင်က အကြိုက်ဆုံး ပို့စ် ၅ခုအကြောင်းရေးပါလို့ Tag လာတော့လည်းးးးးးး .....။
ဒါပေမဲ့ ဘလော့ဂါတွေရဲ့ ထုံးစံအတိုင်း ဒါမျိုးက ငြင်းဖို့ မသင့်..။ တာဝန်ကျေမှ ဖြစ်မယ့် ကိစ္စ။
ပြီးတော့ ခက်ခဲ ပင်ပန်းတဲ့ ကိစ္စလည်းမဟုတ်။ အဲဒီအပြင် ကိုရန်အောင်က ကျမရဲ့ ဘလော့ဂါဘ၀မှာ
တော်တော် အားကိုးရတဲ့ မောင်လေးလည်း ဖြစ်လေတော့…။ ..ရေးရတော့မှာပေါ့။
အင်းး….. ဘာတွေကိုများ ကြိုက်ရပါ့။

ဘလော့ပေါ်မှာ ရေးခဲ့တဲ့ အသစ်တွေထဲကပဲ ရွေးတော့မယ်နော်။
ဝတ္ထုတို အဟောင်းတွေ ကဗျာဟောင်းတွေ ထည့်မပြောတော့ဘူး။
ဒါဆိုရင်တော့……

(၁) ကျမရင်ထဲမှာ ကျမတို့ မိတ်ဆွေ သူငယ်ချင်းတွေ အချင်းချင်း ပြည်တွင်း နဲ့ ပြည်ပ သဘောထားကွဲပြီး ချစ်ခင်မှု လျော့လျဲလာတယ်လို့ ခံစားရလို့ ရေးခဲ့မိတဲ့.. အနာသည် ကဗျာ။
(၂) နောက် .. ပန်းချီကိုပဲ တမ်းတမ်းမက်မက်နဲ့ ဘ၀စုံနှစ်လုပ်သလောက် စိတ်ထဲ ထိခိုက် ဒဏ်ရာတွေ ရ ရလွန်းလို့ နေမကောင်းဖြစ်သွားတဲ့ ကျမ သူငယ်ချင်း ပန်းချီဆရာ သတင်း ကို ကြားရတဲ့ အချိန်မှာ.. ရေးမိတဲ့.. ပန်းချီဆရာ တမ်းချင်း
(၃) မိုးရွာတိုင်း တရံမပြတ် လွမ်းရလွန်းလို့... မိုးအကြောင်း ရေးပါဆိုတာတောင် သူ့ကိုသာ သတိရရေးဖြစ်ရတဲ့ ကျမရဲ့ ကျောင်း လွမ်းချင်း … မိုးနဲ့ ပတ်သက်ရင်
(၄) နောက် တပုဒ်ကတော့ အိမ် ဆိုတာကို လွမ်း လွမ်းနဲ့ ရေးတဲ့… အိမ်(၁)
(၅) နောက် အဲဒီအပြင် ထပ်ရေးမိတဲ့ .. အိမ်(၂)

ကဲ.. ၅ပုဒ် ပြည့်အောင်တော့ ရှာကြံရေးလိုက်ပြီ။ ကဲ.. မောင်ရန်ရေ.. အမ တာဝန် ကျေ ပြီနော်။

2 comments:

myitkyeenar said...

write more and more, we are looking forward to your post.

Anonymous said...

တစ်နေ့ တစ်လံပေါ့ ပုဂံရယ်