Jul 5, 2007

၇ဇူလိုင်(၂)

တနေ့ တစ်ပုဒ်တင်မယ်ဆိုပြီးကာမှ
ပြန်တင်ပေးချင်တဲ့ ကဗျာတွေ များနေတာနဲ့
မနက် တစ်ပုဒ် ညတစ်ပုဒ် တင်ပါတော့မယ်....။



သွေးစီးပေတဲ့လက်တွေနဲ့

ရဲဘက်တော်တို့---
ခုနစ်ရက်နေ့က
ကြုံရတဲ့အဖြစ်
ပစ်လိုက်တဲ့မောင်းပြန်သေနတ်
ဒလစပ်ဆူညံ
မုန်တိုင်းသံ၊ တော်လဲသံ
ကျောင်းသားတွေ တပြုံလုံး
တုံးအရုံးမှောက်လှန်
သွေးပွက်ပွက်အန်ပါရော့
သွေးရောင်နောက်ခံ
ဒေါင်းအလံလဲ
အ၀ါခံဒေါင်းရုပ်ပျောက်
နောက်ကျိ ညိုမည်း
သွေးခဲသွေးတစ်
သွေးအိုင်မှာ နစ်ခဲ့ရပြီ ရဲဘော်တို့။

သွေးအိုင်ပွက်က
ဆယ်ယူလို့ရခဲ့တဲ့
သမဂ္ဂတံခွန်တော်
ငါတို့ရဲ့အလံတော်
သွေးအိုင်မှာ မြုပ်လို့
ဒေါင်းအရုပ် မပေါ်
အလံတော်တစ်ခုလုံး
သွေးနီရောင်ဖုံးပြီလို့
ရုံးကြ စုကြ
လာကြဟေ့ တပ်လှန့်ခေါ်
ရဲဘက်တော်နဲ့ ရဲဘော်တို့ ညီကြ
မောင်ကြီးတို့နှင့် အတူပ
ကျုပ်နှမတွေလည်း အတူလာ
အရေးတော်မဟာ
သွေးစည်းကြ ညီညီညာ
သွေးစည်းတွေပေတဲ့ လက်နဲ့
ပြုတ်မထွက်ရအောင်
လက်ချင်းဆက် လက်ချင်းတွဲ
မြတ်တရားပါတဲ့
ငါတို့ရဲ့ မဟာတိုက်ပွဲ
အားခဲကာ အနိုင်တိုက်မယ်ပ
ဦးမငိုက် မဆုတ်တမ်း
အောင်ကျော်လမ်းမှာ လူစု
ကျောင်းသားထု အလံတော်ကို
ခေါင်းပေါ်မှာ ပင့်ချီသွားတဲ့အောင်..
ဟေ့...
ဓါးဆွဲလို့ထွက်ခဲ့ကြ ရဲဘော်တို့။ ။


တိုးနီ(မြင်းခြံ)



1 comment:

Hteink Min said...

ဆရာမ ကျောင်သားတွေရဲ့ သတ္တိကတော့ အန့်မခဲပါပဲ ..