Jul 8, 2007

၇ ဇူလိုင်(၇)

တကယ့် အားမာန်တက်စရာ နှိုးဆော်သံတွေလည်း
အဲဒီ ဆဲဗင်းဂျူလိုင် ၆လပြည့်မှာ လျှံနေခဲ့တာပါ..
ဒါပေမဲ့…
အဆုံးစွန် ကြမ်းကြုတ်ရက်စက်မှုတွေရဲ့ ဖိနှိပ်မှုအောက်မှာ
ခွပ်ဒေါင်းအောင်လံတွေ မလွှင့်ထူနိုင်သေးတာ.. ၄၅နှစ်တိုင်ခဲ့ပြီ။
အခု ၆၂ကျောင်းသားတွေရဲ့တိုက်ပွဲဝင်ဖို့ လှုံ့ဆော်ထားတဲ့
ကဗျာတစ်ပုဒ်ကို လက်ဆင့်ကမ်းလိုက်ပါတယ်။


မိခင်သို့ပန်ကြားချက်

ခွပ်ဒေါင်းအိုးဝေ ၊ ဒေါင်းအိုးဝေ
ချီလေရှေသို့ ရောက်အောင်ပို့လော့
မကျို့တမ်းလျှင် ၊ တိုက်ပွဲဝင်မည်
ဒို့တွင်အင်အားရှိတကား။

ခွပ်ဒေါင်းအိုးဝေ ၊ ဒေါင်းအိုးဝေ
ဒို့တတွေကား ၊ လားလားမကြောက်
ရှေ့ကိုလျှောက်အံ့ ၊ ကျည်ဖောက်ပန်းဖူး
ဆူးကိုမွေ့ယာ ၊ အနာကိုဆု
အဖုတံဆိပ် ၊ လက်ထိပ်လက်ကောက်
ထောင်ရောက်ခြင်းကား၊ သေဒဏ်ထားတည်
လည်မှာကြိုးကွင်း ၊ တပ်ဘိခြင်းကို
ထုံချင်းလှပ်လှပ် ၊ ပန်းကုံးစွပ်သို့
ရွပ်ရွပ်မြဲမြံ ၊ သစ္စာနှံလျက်
အောင်လံကိုင်စွဲ ၊ ဒို့တိုက်ပွဲကို
ရဲရဲဝံ့ဝံ့ ချီပါအံ့။

ခွပ်ဒေါင်းအိုးဝေ ၊ ဒေါင်းအိုးဝေ
ပြီးစေဒို့တေး ၊ ကြွေးကြော်ရေးဖြင့်
နောင်သွေးညီသွေး ၊ မခြောက်သေးဟု
စဉ်တွေးခိုင်ခိုင် တိုင်တည်စို့။

အို….အိုးဝေခွပ်ဒေါင်း
ကျောင်းသားမိခင် ၊ တိုက်ပွဲဝင်ရာ
အသင်ရှေ့က ၊ လမ်းညွှန်ပြလော့
ဘ၀မုန်တိုင်း ၊ သည်ဇာတ်ရိုင်းကို
မှတ်ပိုင်းဆင့်ချိုး ၊ ကမ္ဗည်းထိုးလျက်
ရိုးရိုးရဲရဲ ၊ အောင်လံစွဲ၍
တခဲတနက် ၊ တောင်းဆိုချက်ဖြင့်
ဆက်လက်တိုက်ပွဲဝင်ပါ အို…မိခင်။

လူမွဲ(တက္ကသိုလ်)



No comments: