Aug 6, 2007

အမှတ်တရ အနာ(၄)

အဲဒီ စိန်ရတုဆိုတဲ့ အမှတ်တရ နှစ်မှာတုန်းက
အမိတက္ကသိုလ်ကြီးရဲ့ ကျောင်းသားအများစုဟာ
တကယ့်ပညာရေးကို လိုလားကြပါသေးတယ်။
အတုအယောင် ပညာရေးကို မလိုချင်ဘူး။
ပြီးတော့ ပညာရေးလွတ်လပ်ခွင့်ကို လိုချင်တယ်။
ပိုဆိုးတာက အဲဒီကာလတွေမှာ ကျောင်းပညာရေးထဲက
အခွင့်ထူးမှန်သမျှကို စစ်ဘက်အရာရှိတွေရဲ့ သားသမီးဆွေမျိုးတွေကသာ
လက်ဝါးကြီးအုပ်ထားကြတယ်။
(နိုင်ငံခြား ပညာတော်သင်ဆု ကိစ္စတွေ ၊ ဂုဏ်ထူးတန်းတက်ရောက်ခွင့်တွေလို)
ပညာရေးဆိုင်ရာ တကယ့်အခွင့်အရေးတွေမှာ သူတို့နဲ့ ပြိုင်လုနေရတယ်။
အဲဒီအခါ.. အမြင်ကျယ်ရှာတဲ့ ကျောင်းသားလူငယ်လေးတွေဟာ
ပညာကို လိုလားစိတ်ကြောင့် ငတ်တော့တယ်။
ခုတင်ထားတဲ့ ကဗျာမှာ အဲဒီ အနာကို တွေ့နိုင်ပါတယ်။

(ဒီနေရာက ယူပါတယ်)

ဗလာများ

ဖြတ်ပစ်လိုက်ကြ
ကြားရက်နဲ့ ပင်းနေတဲ့နားတွေ
ဖောက်ထုတ်လိုက်ကြ
မြင်ရက်နဲ့ ကန်းနေတဲ့မျက်လုံးတွေ
ပိတ်ပစ်လိုက်ကြ
လှလှပပ ဆွံ့အနေတဲ့ ပါးစပ်တွေ
ဟေ့…
အတီးအမှုတ်သံ တညံညံနဲ့
ညစာစားပွဲ တည်ခင်းနေတဲ့
ဟင်းလင်းပြင် မျက်နှာတွေရေ...
ဒီမှာ
မျက်စိမြင်သူတွေ
ငတ်နေကြလေရဲ့…။

မေငြိမ်း(၅သြဂုတ်)
(ကိုယ်စား)


No comments: