Aug 4, 2007

အမှတ်တရ အနာ(၂)


တကယ်တော့ ပညာတကယ်လိုလားသူတွေရဲ့ ဘ၀တွေခမျာ

ခုချိန်မှာ မီးခဲ ပြာဖုံးခံနေကြရတာပါ။

အဲဒီ ပြာပုံအောက်မှာ တောက်မယ့်မီးခဲ တရဲရဲတွေ ရှိမနေဘူးလို့ ပြောနိုင်လား။

လာမယ့် မျိုးဆက် လက်ထဲ ကျကာမှပဲ တင်နေတဲ့ ကြွေးတွေ ဆပ်နိုင်တာမျိုးရော

မမျှော်လင့်နိုင်ဘူးလား..။ ၆၂ ထက် ၈၈ က အားကောင်းခဲ့သလိုမျိုး…။

ပုံသဏ္ဍန်ပြောင်းပြီးတော့လည်း အားကောင်းနိုင်သေးတာပဲ..မဟုတ်လား။

ဘာဖြစ်လို့လဲဆိုတော့

သည်းခံတယ်ဆိုတာကလည်း အတိုင်းအတာဆရှိတယ် မဟုတ်လား..။

ခု တင်ပေးမယ့်ကဗျာဟာ..

လီနင်ပြောတဲ့

ဘာမှ လုပ်မရတဲ့အချိန်မှာ ငြိမ်သက်စွာနေပြီး

လေ့လာတည်ဆောက်နေတာဟာလည်း

တော်လှန်ရေးလုပ်နေတာပဲ.. ဆိုသလို

ခုခေတ်ထဲက အခြေအနေမပေးသေးလို့ ငြိမ်နေရတဲ့

မျိုးဆက်သစ် လူငယ်ကလေးတွေရဲ့ ရင်ထဲက ပေါက်ကွဲသံတွေနဲ့

လက်ခမောင်း တဖြောင်းဖြောင်းခတ်နေတဲ့ အသံတွေကို

ကိုယ်စားပြုတဲ့ကဗျာပါပဲ။

ပန်းပဲဆရာရဲ့ ပန်းပုလက်ရာ

ညဟာ
အောင်မြင်ဝင့်ကြွားတဲ့ ပုံစံမျိုးနဲ့ပ
လရောင်ကို ဖုံးကွယ်ထားတယ်
မီးခဲပြာဖုံးတဲ့ ညတွေမှာ
ငါဟာတစ်ယောက်ထဲပ
ဝိုင်အရက်လောက်မှ မချိုတဲ့

ဒေါသတွေကို

ကြိတ်မှိတ် မျိုသိပ်ရင်းနဲ့ပေါ့။
ကမ္ဘာကြီးကို ထက်ခြမ်းခြမ်းပြီး
ချိန်လိုက်ရင်
အတ္တဘက်ခြမ်း

အလေးသာလိမ့်မယ်ထင်ရဲ့၊
အတ္တမရှိတဲ့ ဘက်မှာ
ဘာမှ မရှိဘူးလေ
လည်ပတ်မှုကလဲ မူမမှန်
ဝင်ရိုးများကောက်နေရော့သလား?

ဒီလိုနဲ့
ကောက်ကျစ်မှုကင်းတဲ့ ဘက်ခြမ်းမှာ
ငါရယ်၊ ငါ့အဖော် မီးအိမ်လေးတွေရယ်
စမ်းတ၀ါးဝါးလမ်းလျှောက်
ငါတို့ခြေရာတွေ
ကျောက်ဖြစ်မယ့်နေ့
ææကို
မျှော်လင့်ရင်းနဲ့ပေါ့။
မျှော်လင့်ရင်းလမ်းလျှောက်
ချောက်ကမ်းပါးထိပ် ရောက်ကာမှ
စာမတတ်လေတဲ့ သည်လေပြင်း
အတင်းတိုက်ခတ် ငြိမ်းသတ်ခဲ့လို့
လောင်စာမကုန်ခင်
ငြိမ်းခဲ့ရပြီပေါ့။

လေပြင်းရယ်
မီးအိမ်လေးငြိမ်းအောင်
မင်း

ရက်ရက်စက်စက်
တိုက်ရက်ပါပေ့။

ဒါပေမဲ့
အတ္တကင်းတဲ့ မျက်ရည်မီးအိမ်တွေ
အလင်းဆောင်နိုင်သေးတာကို
မင်းတနေ့ကျ တွေ့ရမှာပါ။


မေငြိမ်း (ကိုယ်စား)

No comments: