Aug 22, 2007

ဖြန့်ဝေခြင်း(၂)

အငတ်ဘေး လွတ်မြောက်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု ကော်မတီ
ကြေညာချက်အမှတ်(၁)
၂၀၀၇ ခုနှစ် သြဂုတ်လ (၁၉)ရက်

၁၊ စစ်အာဏာရှင်အုပ်စုနှင့် ဆွေမျိုးအသိုင်းအ၀ိုင်းများ။ ၄င်းတို့၏ ခါးပိုက်ဆောင် ခေတ်ပျက် သူဌေးစာရင်းဝင် အခွင့်ထူးခံလုပ်ငန်းရှင်များ။ ကန်ထရိုက်တာများ။ ပါမစ်တောင်းစားနေသူများ။ ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများမှအပ ရဟန်းရှင် လူပြည်သူတစ်ရပ်လုံးသည် ယနေ့ချိန်ခါတွင် အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်မှုအပါအ၀င် စားဝတ်နေရေးဆိုင်ရာအထွေထွေ ဆင်းရဲမွဲတေမှုအပေါင်းနှင့် အငတ်ဘေးကို ရင်ဆိုင်နေကြရပါသည်၊


၂၊ ထို့ကြာင့် အငတ်ဘေး ရင်ဆိုင်နေကြရသော အခြေခံလူတန်းစားအလွှာမှ ရဟန်းရှင်လူ ပြည်သူများ။ ၀န်ထမ်းများ။ ကျောင်းသား လူငယ်များသည် မိမိတို့ ကြုံတွေ့ ခံစားနေကြရသော လူမှုဆင်းရဲဒုက္ခ အပေါင်းကို အကြမ်းမဖက်သော လူထုလှုပ်ရှားမှု အသွင်ဖြင့် ရသင့်ရထိုက်သော။ ခံစားသင့် ခံစားထိုက်သော အခွင့်အရေးများကို ငြိမ်းချမ်းစွာ တောင်းဆိုရန်အတွက် ၂၀၀၇ ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့ နေ့လယ်(၁)နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အငတ်ဘေးလွတ်မြောက်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုကြီးကို အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်၊

(က) နေ့လည် (၁)နာရီ တိတိတွင် လူထုလှုပ်ရှားမှုအခမ်းအနား စတင်ကြောင်း ကြေညာခြင်း၊
(
ခ)နိုင်ငံတော်အလံအားအလေးပြုခြင်း၊
(
ဂ)ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊
(
ဃ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် အသက်ပေးသွားသူများကို (၁)မိနစ်ငြိမ်သက်ဦးညွှတ်ခြင်း၊
(
င) ပြည်သူ့အချစ်တော် သရုပ်ဆောင် ဒါရိုက်တာ တစ်ဦးမှ လွမ်းရေးထက် ၀မ်းရေးခက်။ ၀မ်းရေးထက် ပြည်ထဲရေးခက် ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၅-မိနစ်)
(
စ) ၀ါရင့် သတင်းစာဆရာဟောင်းတစ်ဦး မှ မြန်မာနိုင်ငံ ဈေးကွက်စီးပွားရေး အရှုပ်တော် ပုံ ဇာတ်လမ်းစုံ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၅-မိနစ်)
(
ဆ) ရဟန်းတော်တစ်ပါးက အူမတောင့်ခြင်း နှင့် သီလစောင့်ခြင်း ခေါင်းစဉ်ဖြင့် ဟောကြားခြင်း၊(၁၀-မိနစ်)
(
ဇ) အိမ်ရှင်မတစ်ဦး ကူးစက်မြန် ကုန်ဈေးနှုန်း တုပ်ကွေး ဗိုင်းရပ်စ်ပိုး ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊(၁၀-မိနစ်)
(
ဈ) ကျောင်းသားလူငယ်တစ်ဦး မှ မတူညီသော မုန့်ဖိုးများ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၀-မိနစ်)
(
ည) တက်ရောက်လာသော ပြည်သူလူထုထဲမှ ရင်ဖွင့်လိုသူ(၃)ဦး. ဟောပြောချက်များ၊ (၁၀-မိနစ်စီ)
အထူးအစီအစဉ်--- အထူးဖိတ်ကြားထားသူ (၃)ဦး. ဟောပြာချက်များ၊( မိနစ်-၂၀ စီ)၊
အခမ်းအနားကို ကမ္ဘာမကြေ သီချင်း သံပြိုင်ဆို၍ ရုပ်သိမ်းမည်၊

၃၊ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်သူလူထုကြီးအနေဖြင့် အကျီင်္အဖြူရောင်များ ၀တ်ဆင်လာကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်၊

အငတ်ဘေး လွတ်မြောက်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု ကော်မတီ


လေးစားရပါသော (၈၈)မျိုးဆက်ကျောင်းသား ရဲဘော်တို့ခင်ဗျား…..

ကျနော်တို့ တတ်နိုင်စွမ်းရှိသလောက် လူထုပါလာအောင် လုပ်ဆောင်တာပါ။
ရဲဘော်တို့နောက်မှာ မားမားမတ်မတ် ရှိနေပါတယ်။
အဲဒီနေ့ကျရင် မပျက်မကွက် တက်ရောက်ပြီး လူထုကို ဟောပြောပေးဖို့ လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်ခင်ဗျာ

အငတ်ဘေးလွတ်မြောက်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု ကော်မတီ

No comments: