Jun 2, 2007

ဇွန် တစ်ရက် အမှတ်တရ

လောလောဆယ်တော့ အချိန်အားလဲရ.. စိတ်ကလဲ သိပ်ပါနေတော့ အများကြီးရေးချင်နေတာပဲ။ ဒါပေမဲ့ ဖတ်တဲ့သူတွေ အီကုန်မှာ စိုးလို့.. နားနားပြီးရေးမှ။

ဒါပေမဲ့ … ဒီနေ့တော့ အပိုင်းတိုလေး တစ်ပိုင်း ရေးချင်သေးတယ်။
ကိုယ့်ကို မွေးတဲ့လ ဖြစ်လို့လား ဘာလားတော့ မသိဘူး.. ကျမက ဆယ့်နှစ်လထဲမှာ ဇွန်လကို ကြိုက်တာတော့ အမှန်ပါပဲ။ တိုက်ဆိုင်ချင်တော့ ကျမသဘောကျတဲ့သူ တော်တော်များများကလဲ ဇွန်လမွေးတွေထဲ ပါနေတာပဲ..ပျော်စရာကြီးနော်..။

ဒီနေ့ ဇွန်တစ်ရက်မှာ.. ကျမ သဘောကျတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေထဲမှာမှ မာရီလင်မွန်ရိုး၊ ပက်ဘွန်း နဲ့ ဟင်နရီ ကစ်ဆင်းဂျားကို မွေးပါတယ်။ မွန်ရိုးကတော့ တကယ့် ပုံပြင်ထဲက မင်းသမီးလေးပဲ.. သတင်းသမားတွေ အပြော အရတော့ အင်မတန်လှတဲ့ ဇနီးမယားရှိပြီး မိသားစုအပေါ်လဲ ချစ်တယ်ဆိုတဲ့ အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီကိုတောင် ဖမ်းစားနိုင်ခဲ့သူဆိုပဲ။ ပြီးတော့ စာရေးဆရာကြီး အာသာမီလာ.. ပြီးတော့… ပုရိသ အတော် များများ.. သူမထံမှာ နစ်ဝင်ကြ.. အဲဒီကာလတွေထဲ..အင်မတန် ကျော်ကြားတဲ့ ဟောလီးဝုဒ် ရုပ်ရှင် မင်းသမီး ဘ၀ထဲ လင်းလက်တောက်ပနေဆဲ..။ လှနေ ပနေဆဲ.. သူ့ဘ၀ကို သူကိုယ်တိုင် အဆုံးသတ် ပစ်လိုက်တာ..တဲ့။ (ဒေါ်)ကြည်အေးစကားနဲ့ ပြောရရင်.. ဘ၀ကို အနိုင်နဲ့ပိုင်းလိုက်တာ..ဆိုပါတော့။

ပက်ဘွန်းကလဲ သူ့ခေတ်မှာ ဂီတဘုရင် ပရက်စ်လေပြီးရင် အအောင်မြင်ဆုံး အဆိုတော်ကြီး..။ ပျိုမေတွေအကြိုက်.. အသံကောင်းသလောက် ရုပ်ချောတဲ့ အဆိုကျော်။ ဖက်ဆစ် ဟစ်တလာနဲ့ ဇာတိတူ ဂျာမန်နိုင်ငံသားဖြစ်ပေမဲ့ ဟင်နရီကစ်ဆင်းဂျား ကတော့ ၁၉၇၃ရဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီးပါ။ ဟားဗတ်တက္ကသိုလ်ထွက်ဖြစ်ပြီး ကိုလံဗီယာ တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ ရပါတယ်။ နာမည်ကျော် ဗီယက်နမ်စစ်ကို အပြီးသတ်စေနိုင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရခဲ့တာပါ။

ဇွန်လထဲမှာ အနုပညာရှင်တွေ၊ နိုင်ငံရေးအတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာတွေ.. စီးပွားရေး ပညာရှင်တွေလဲ မွေးကြသေးတာ။ တကယ့်ကို အများကြီး..။

အနုပညာရှင် အဆိုတော် ရုပ်ရှင်မင်းသမီး မင်းသားတွေထဲကဆိုရင်..
Tom Jones, Susan Hayward , Dean Martin, Tony Curtis, Sir Paul McCartney, Michael J Fox, Bonny Tyler, Susie Quatro, Gorge Michael, Prince, Boy Gorge, Kris Kristofferson, Lindsay Wagner, Meryl Streep, Nicole Kidman, Johnny Depp, Cyndi Lauper, Isabella Rossellini , Paula Abdul, Lionel Ritchie, ပြီးတော့ သိပ်ချစ်စရာကောင်းတဲ့ Donald Duck နဲ့ Garfield ကလဲ ဇွန်လမွေးတွေပဲ။ နောက်တော့ Steffi Graf လဲ ဇွန်လဖွား။ နောက် Mike Tyson လဲ ဇွန်လဖွားပဲ။

စာရေးဆရာ အတွေးအခေါ်သမားစတဲ့ ပညာရှင်တွေထဲကကျတော့ …
Thomas Hardy, Alexander Pushkin, Jean Francois Voltaire , Jean-Paul Sartre, George Orwell, Pearl Buck, Professor Eric Segal,
ဘယ်လောက် ပျော်စရာကောင်းလဲ..နော်။ ပြီးတော့ ကျမအကြိုက် ပုဂ္ဂိုလ်တွေချည်းပဲ။

အထူးသဖြင့် ကျမတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်….
ပြီးတော့ ပါကစ္စတန်က ဗင်နက်ဇာာဘူတို.. နဲ့ ဂျော့ခ်ျဘုရှ် (စီနီယာ)။
ကျမ သဘောအကျဆုံးကတော Che Guevara နဲ့ ကျမ မွေးရက် တူရတာကိုပဲ။(ဒါကတော့ ဘာမှ မဆိုင်တဲ့ ကြော်ငြာ..) တကယ်တော့ Che က သတ္တိခဲ..အင်မတန်တော်တဲ့ မျိုးချစ်တော်လှန်ရေးသမား.. ကျမက ငပျော့ ငညံ့ ဘာမှ မဆိုင်..။

တကယ်တော့.. စဉ်းစားကြည့်ရင်.. လူတော်တွေ လူကောင်းတွေနဲ့ တစ်လထဲမွေးတော့ရော.. ဘာဖြစ်လဲ။ အရေးကြီးတာက သူတို့ကို အားကျတတ်ဖို့ အတုယူနိုင်ဖို့ နဲ့ သူတို့လို လောကထဲ တန်ဖိုးတခုခုနဲ့ နေသွားနိုင်ဖို့သာ ကြိုးစားသင့်တာ မဟုတ်လား။ ခုထိကတော့… သူတို့နဲ့ ကျမ လားလားမှ မဆိုင်ဆိုသလိုပါပဲ။ ခုပဲ အသက် ၄၀ကြီး တော်တော်ကျော်ပြီ။ ကဲ..သူတို့လို တော်ဖို့ကတော့ ကျမအတွက် တော်တော်ကို ချော်နေဆဲ..။ ဒါပေမဲ့ မတော်ရင်တောင်မှ ကောင်းဖို့တော့ အများကြီး ကြိုးစားထားပါတယ်။ အဲလောက်ဆိုရင်လဲ.. မဆိုးလောက်ဘူးထင်ပါရဲ့နော်..။

မေငြိမ်း

8 comments:

Lwin Moe said...

Thanks for your blog. Please keep it up. I will visit more often :) I hope many more Burmese writers take up blogging to express their thoughts and opinions.

Best,
Lwin Moe
http://lwinmoe.friendsofburma.org

မေငြိမ်း said...

Dear Ko Lwin Moe,
Thanks for your visiting to my Blog...Please let me know your opinions and critics...WELCOME !!!

မေဓာဝီ said...

အမရေ ..
ညီမငယ်ငယ်တုန်းကတော့ ဇွန်လဟာ ကျောင်းဖွင့်တဲ့လ ဖြစ်တာကတကြောင်း၊ တလလုံး ပိတ်ရက်တရက်မှ မရှိတာကတကြောင်းမို့ ဇွန်လကို မနှစ်သက်ခဲ့ဘူး။ အမပြောတော့မှ ညီမချစ်ခင်လေးစား နှစ်သက်သူတွေလည်း ဇွန်လဖွားတွေ ရှိနေတာ သိရတော့တယ်။ အမတယောက်လည်း အပါအ၀င်ပေါ့။
အမပြောတာ မှန်ပါတယ်။ လူတော် လူကောင်းတွေနဲ့ တလထဲမွေးမွေး၊ လူဆိုး လူမိုက်တွေနဲ့ တရက်ထဲမွေးမွေး ကိုယ်က … ကိုယ်ပါပဲ။ ကိုယ့်လုပ်ရပ်ကသာ ကိုယ့်သမိုင်းပါပဲ။ ဒါကြောင့် အမပြောသလို လောကထဲ တန်ဖိုးတခုနဲ့ နေသွားနိုင် အောင် ကြိုးစားဖို့သာ အဓိကပါပဲ …နော်။

မေငြိမ်း said...

မေရေ..
ဘာရယ်မဟုတ်ပါဘူး..
တကယ်ပဲ ကိုယ်အင်မတန်ကြိုက်တဲ့ပုဂ္ဂိုလ်တော်တော်များများက
ကိုယ်နဲ့ မွေးလတူတာကို တကယ်ပဲ သဘောကျစိတ်
သူတို့ရဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူအားကျစိတ်တွေကြောင့်
ဒီစာစုလေး..ရေးဖြစ်တာပါပဲ။

Chocolaier said...

ဆရာမရေ
"ကျမတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်…."
အဲဒီစကားလေးကိုပြောခွင့်ရှိတဲ့ မြန်မာနိုင်ငံသားဖြစ်ရတာကို ကျေနပ်မိပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာမ။ :)

Ka Daung Nyin Thar said...

ဆရာမရေ.. သူတို့လို တော်ပြီး နာမည်ကြီးဖို့က ပါရမီကလဲ ရှိပါအုံးမှ
တကယ်တော့ ကမ္ဘာလောကကြီးအတွက် တတ်နိုင်သလောက်လေး စွမ်းဆောင်နိုင်ရင်ပဲ
တော်တယ်လို့ သတ်မှတ်ရမှာပါဗျာ

Anonymous said...

ဆရာမခင်ဗျား…

လာလည်မယ် လည်မယ်နဲ့ အခုမှပဲ လည်ဖြစ်ပါတယ်။ ဆရာမဘလော့ဂ်က ဆီဗုံး မရသေးဘူးဆိုတာနဲ့ မှတ်ချက်ရေးဖို့ အပျင်းထူပြီး ကဗျာတွေဖတ်ဖတ်ပြီးသာ ပြန်သွားတာပါ။

ဆရာမရဲ့ ဘလော့ဂ်က တော်တော်လေးကို စုံစုံလင်လင် ဖြစ်လာပါပြီ၊ အခုဆို ဆီဗုံးထဲမှာက လွဲလို့ ကျန်တဲ့နေရာတွေမှာ (ပို့စ်အားလုံး အပါအ၀င်) ဗမာလို ကောင်းကောင်း မြင်ရပါပြီ။ ထိုင်းစာ တချို့တော့ မြင်နေရဆဲပဲ၊ အဲဒါတော့ ကျွန်တော်လည်း စဉ်းစားလို့ မရဘူး၊ ဆရာမက language ကို အင်္ဂလိပ်စာ ရွေးပြီးသားဆိုတော့ ဘယ်မှာ ထပ်ပြင်ရမလဲ မစဉ်းစားတတ်တော့ဘူး။

ထိုင်းမှာ ဆီဗုံးတွေ ပိတ်ထားတယ်ဆိုတာ ကတော့ တော်တော်ဆိုးတာပဲ။ ဆရာမ proxy တခုခုခံပြီး ၀င်ကြည့်ပါလား၊ ဥပမာ - http://www.proxify.com ကိုသွား၊ ပြီးတော့ URL ဆိုတဲ့ နေရာမှာ ကိုယ့် ဘလော့ဂ်လိပ်စာ ကိုယ်ရိုက်ထည့်ပြီး ကြည့်ရင်ရော။ ဒါဆိုရင် ထိုင်းက ပြဿနာကို ကျော်လို့ရမလား။

ဒါနဲ့… စကားမစပ် ချေနဲ့ ဆရာမနဲ့ မွေးရက်ချင်း တူတယ်လား။ မင်္ဂလာမွေးနေ့ ဖြစ်ပါစေလို့ အစောကြီး ကြိုပြီး ဆုတောင်းပါတယ် ဆရာမရေ၊ ကျွန်တော်က အခုတလော အင်တာနက်ပေါ် လာချင်တိုင်း လာလို့မရ ဖြစ်နေလို့ ကြိုပြီး ဆုတောင်းလိုက်ပါတယ်။

လေးစားစွာဖြင့်

ပုထုဇဉ်

Lwin Moe said...

>> Please let me know your >> opinions and critics..

Haha, you are a great and accomplished writer already. I think your writing style is great. You don't really need my critics :) :) I am the one who needs critical reader :) Take care, best.

Lwin Moe
http://lwinmoe.friendsofburma.org

P.S. I wish I had more time to do expository writing for my diary. Recently, I could only post terse and short rambling :)

Sorry, I write in English here because I am not in favor of using Zawgyi. Burmese unicode I used for work is different from main stream ones that everybody use. Please excuse me for writing in English here :)