Aug 7, 2007

တာရာမင်းဝေအတွက် အမှတ်တရ(၂)

တကယ်တော့ အင်္ဂါနေ့ဆိုတာ သူ့ရဲ့ မွေးနေ့။
ဒါပေမဲ့ သူ့မိဘတွေခမျာ သူတို့ သားကလေးကို မွေးထုတ်ခဲ့ရတဲ့ နေ့မျိုးမှာပဲ
သူတို့ မွေးခဲ့ရတဲ့ အဲဒီ သားလေးရဲ့ ရုပ်ခန္ဓာကို နိဂုံးချုပ်ပေးရတော့မယ်။
ဒါပေမဲ့ ….အဲဒီသားလေးဟာ
လောကကြီးထဲကနေ လူအနေနဲ့သာ ပျောက်ကွယ်သွားပေမဲ့
နာမည်နဲ့ သမိုင်းကြောင်းတစ်ခုတော့ ကျန်ရစ်နိုင်ခဲ့သူမို့
မိဘတွေအဖို့တော့ နာကျင်ကြေကွဲရပေမဲ့ ဂုဏ်ယူစရာ လို့ ဆိုရမှာပါ။
…နှမျောစရာ ကောင်းလှပါတယ်။
သိပ်တော်တဲ့ စာရေးဆရာ တစ်ယောက်..
သိပ်မှော်အောင်တဲ့ ကဗျာသမားတစ်ယောက်..
သိပ်ချွန်တဲ့ စာပေသမား တစ်ယောက် ..
ကျမတို့ ဆုံးရှုံးရပြန်ပြီ။
တကယ်တော့ သူလုပ်ချင်တာတွေ
သူလုပ်နိုင်စွမ်းတာတွေ အများကြီး ကျန်နေဦးမှာ။
ကျမတို့ တာရာမင်းဝေ ကို ဆုံးရှုံးရတာဟာ
စာပေအနုပညာလောကကြီးတစ်ခုလုံးရဲ့ ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ပါတယ်။











1 comment:

Hteink Min said...

teacher

very sad to hear it.