Aug 26, 2007

သစ္စာဆိုပါသည်....

အရှင်ဘုရား... မြန်မာပြည် လူထုကြီးဟာ အမှန်တကယ် ဆင်းရဲဒုက္ခကြီးစွာ ရောက်နေကြပြီးတော့ ကိုမင်းကိုနိုင်အပါအ၀င် လူထုဆန္ဒ ဖော်ထုတ်ပေးနေသူများဟာ အများအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။ အဲဒီအပြင် စစ်အစိုးရဟာ သူတို့အပေါ် မကြည်ဖြူတဲ့ ..သူတို့ နှိပ်စက်သမျှ ခံနေရရှာတဲ့ လူထုကြီးကို အမျိုးမျိုး ဒုက္ခပေးနေပါတယ်ဘုရားး...
ဤ မှန်သော သစ္စာစကားကြောင့် မြန်မာပြည်လူထုအပေါင်း လိုလားတောင့်တနေတဲ့ ငြိမ်းချမ်း သာယာသော.. အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းသော.. လူမှုဘ၀ကို အလျင်အမြန် ရနိုင် ရောက်နိုင် ကြပါစေသား...။ လူထုရှေ့ဆောင်သူများလည်း ဘေးအန္တရာယ်အပေါင်း မှ ကင်းဝေး အေးချမ်း ပါစေသားးး။





ဒီသတင်းကို ဖတ်ပါ။

ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရတဲ့ လူထုရှေ့ဆောင်များ အသက်အန္တရာယ် ကင်းပါစေ။


2 comments:

xXx.Devil.In.Disguise.xXx said...

thanks u so so so so MUCH!!!!! I LOVE TIS POST!

YeKyawAungMDY said...

သစ္စာစကားဟာ သိပ်ကိုအစွမ်းထက်ပါတယ်။ ကျနော်လည်းယုံကြည်လို့ ၂၁ ရက်နေ့ညက ဘုရားရှိခိုးပြီး၊ သစ္စာတိုင်တည်ခဲ့ပါသည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအပါအ၀င်၊ ဆန္ဒ ဖော်ထုတ်ကြမယ့် ပြည်သူတွေအတွက် ဆုတောင်းသစ္စာ ပြုခဲ့ပါသည်။