Aug 7, 2007

အမှတ်တရ အနာ(၅)

အာဏာပိုင်တွေက ပညာရေးတွေကို ပေါ့ပျက်ပျက်ဖြစ်အောင် လုပ်လာတဲ့ ဒဏ်ကို မြင်တတ် သိတတ်တဲ့ လူငယ်ကျောင်းသားတွေခမျာ အတော် ထိခိုက် ခံစားကြရတာပါ။ ကျမ မမှားဘူးဆိုရင် အဲလို ခံစားတတ်တဲ့ လူငယ် ကျောင်းသားတွေဆီကပဲ ၉၆ ကျောင်းသားလှုပ်ရှားမှု ဖြစ်သွားရတဲ့ လှိုင်းဂယက်တွေ စခဲ့တာပါပဲ။

(ဒီနေရာက ယူတာပါ)

သွေးဖျက်ခြင်း

စက်ရုံကြီး
အော့ဝစ်(ဇ)က စက်ရုံကြီး
ခေါင်းတိုင်မရှိတဲ့ စက်ရုံကြီး
ကဲ…
နွားတစ်ကောင်ရဲ့
အသုံးကျမှု သီအိုရီအရ
လောကအတွက်
အသိဟာ အပိုဖြစ်ကြောင်း
သိစေအပ်တဲ့ …
မှတ်ဥာဏ်တွေ အပမှီစေတဲ့ …
စက်ရုံကြီး
မှော်လက်တစ်ဆန့် စက်ရုံကြီး
ပွင့်ခြောက်ကုန် တံဆိပ်တပ်
စက်ရုံကြီး
မူပိုင်ဥပဒေကြောင့်
ဇီဝဇိုးရဲ့ နောက်ဆုံးအန်ဖတ်ထဲက
……… တို့
ကပ်ကျော်ဆေးတွေနဲ့
အလူးအလဲ ဘုရားကု-ကုခံကြရ

စက်ရုံကြီး
Brave New World က စက်ရုံကြီး
ပဒေသရာဇ်မီးခိုးငွေ့ကြောင့်
ပတ်ဝန်းကျင် ကပ်သင့်စေတဲ့ စက်ရုံကြီး
မျက်စိရှက်
ရွှေထီးရောင်တံလျှပ်နဲ့
မိုးကျကိုယ် တစ်စုရယ်
ပုရစ် တစ်သိုက်ရယ်
ဖိနပ် အလုံးအရင်းရယ်
ပုပ်သင်ညို ခပ်များများအတွက်
၇၅ ကြိမ်မြောက် အိုဗာတိုင်မှာ
ကြက်အမောက် သာသာ
မျှော်မှန်းချက်တွေအတွက်
သွေးပျက်ဂီတ နဲ့ ပေါင်းဆက်ဖို့
ခါတော်မီ စင်တစ်ခု
စက်ရုံကြီးရေ
ရုပ်ကြွင်းရုပ် ဆန်တဲ့
တိတ်ဆိတ်ခြင်းမှာ
စွမ်းအားမဲ့စက်တွေ လည်ပတ်ပေါ့
….. တို့တန်ဖိုးတွေရဲ့
လတ်ဆတ်မှုကြောင့်
ဦးနှောက်တွေ တုန်ခါနေကြ….

Brave New World- Aldous Huxley ရေးသည့်
လူများကို ထုတ်လုပ်သည့် စက်ရုံ အကြောင်း စာပြောင်စာအုပ်

မေငြိမ်း
(ကိုယ်စား)

1 comment:

M.Y. said...

ဆရာမရေ…..
အသိဟာအပိုတွေ ဖြစ်ကြောင်းသီအိုရီလှည့်ထုတ်တဲ့စက်ရုံ တွေထဲမှာကျွန်တော်တို့ ဦးဏှောက်တွေတစ်ကယ့်ကိုတုန်ခါခဲ့ကြတယ်နော်…အနာ ၃ နဲ့ ၅ ကျွန်တော် ကိုသိတယ်..ရေးသူတွေတော့မမှတ်မိတော့ဘူး…ကိုယ်စားတင်ပေးတဲ့စိတ်ကူးလေးကောင်းပါတယ်..