ကိုယ်ရှိနေတဲ့နေရာနဲ့အနီးဆုံးက မုန့်ဟင်းခါးဆိုင်(ဗမာပြည်မှာတုန်းကတော့ မုန့်ဟင်းခါးဆိုင်တွေက အောတိုက် ကိုး) ကနေ မုန့်ဟင်းခါး ၀ယ်စားလိုက်တာပဲ။ ကျမက မုန့်ဟင်းခါး သိပ်ကြိုက်တယ်။ မုန့်ဟင်းခါးကို ထမင်းနဲ့ ရောနယ်ပြီး ငြုတ်သီးမှုန့်စပ်စပ်နဲ့ အသုပ်လို ခပ်ခြောက်ခြောက်လေးစားရတာ သိပ်ကြိုက်။ နောက် ဗူးသီးကြော် ကြက်သွန်ကြော် ဘယာကြော်ပူပူနွေးနွေးဝယ်ပြီး ထမင်းပူပူနဲ့ ဆားဖြူးစားတာက ကျမအလွန်ကြိုက်တဲ့ ဖြစ်သလိုစားတာပဲ။ နောက် ကြာဆံလက်သုပ်လေး.. အစုံသုပ်လေး ပြေးဝယ်ပြီး ထမင်းဖြူကို ကြက်သွန်ဖြူ ငြုတ်သီးစိမ်းတောင့်ကိုက်စားပြီး ဗူးသီးဟင်းခါးလေးနဲ့ ဆိုလို့ကတော့ အနည်းဆုံး ၂ပန်းကန်ပဲ။ (ခုတောင် စားချင်လာပြီ)။
(အစုံသုပ်ကလေး.. အားရပါးရနယ်)
ဒါမှမဟုတ်ရင်တော့ လဘက်သုပ်နဲ့ ခုနလိုပဲ ထမင်းဖြူကို ကြက်သွန်ဖြူ ငြုတ်သီးစိမ်းတောင့် ကိုက်စား။ ရေနွေးကြမ်းပူပူလေးနဲ့။ တခါတခါ အလုပ်သိပ်ရှုပ်ရင်တော့ ထမင်းအိုးတည်တဲ့အခါ ဘဲဥတွေကို ရေစင်စင် ဆေးပြီး တခါတည်း ထမင်းအိုးထဲထည့်။ ပြီးရင်တော့ ဘဲဥပြုတ်မွှေးမွှေးလေးနဲ့ ထမင်းဆီဆမ်း၊ ငြုတ်သီး အကျက်မှုန့် ဆားထောင်းလေးနဲ့၊ သံပုရာသီးစိပ်လေးတွေကို အခွံပါကိုက်တို့ဆိုလည်း ၂ပန်းကန်လောက် တော့ အသာလေး ၀င်သွားတာပဲ။ (ကံကောင်းတာက ကျမကလေးတွေ ကလည်း အဲဒီဖြစ်သလိုလေးတွေကို ကြိုက်မှကြိုက်)။ အိမ်မှာကတော့ ဆေးဘဲဥတို့ ရှမ်းပဲပုတ်တို့ ဆီတို့ဟူးတို့ ရှမ်းမုန်ညင်းချဉ်တို့ ပုန်းရည်ကြီးတို့ အမြဲဝယ်ထားတတ်တော့ အဲဒါလေးတွေနဲ့များတွဲစားလိုက်ရင် ဖြစ်သလိုစားတာကတောင် တော်တော်မြိန်ပြီ။
(ကြုံတုန်း စိတ်လိုလက်ရလုပ်စားတဲ့ အသုပ်စုံတို့ ထမင်းသုပ်တို့ပုံတွေ သွားရည်ကျနိုင်အောင် တင်ပေးလိုက် ပါတယ်..။ တကယ်တော့ ကျမက အဲလို လုပ်စားတာကိုက ဖြစ်သလိုလို့ သတ်မှတ်တာ.. ခိခိ)
14 comments:
ဆရာမရေ
မုန့်ဟင်းခါးသုပ်၊ အစုံသုပ်ဆိုပေမဲ့ စုံလှချည့်လား။ တစားပွဲလုံး အပြည့်ပါပဲလား။ ချိုသင်းလဲ အသုပ်ဆို သိပ်ကြိုက်။ သုပ်နေတာ ကိုရာကျော်လား။ မိုက်ပါ့ကွာ။ တွေ့ကြသေးတာပေါ့ ဆရာမ။ ရန်စကားပြောတာ မဟုတ်ပါဘူး။ တွေ့ရင် အတူလုပ်စားမှာကို ပြောတာပါ။ :)
အင်း...ကျနော်ကတော့ မန္တလေးထမင်းသုပ် ဓါတ်ပုံထဲ ကငရုတ်သီးအနီတောင့် လှော်တွေကိုပဲ သွားရည်ကျနေ မိတယ်အမရေ...၊ :P
မှန်းကြည့်ရသလောက်တော့ တော်တော်လေးကို မွမွရွရွ နဲ့မွှေးမယ့် ငရုတ်သီးတွေပဲ...hummmmmm!
နီးရင်အကောင်းသား.....
ဆရာမရယ်...
တဂယ်ကြီး သွားရည်ကျလာတာ..
အသုပ်မှန်သမျှအကုန်ကြိုက်..
ဓါတ်ပုံထဲကလက်ကိုကြည့်ပြီး ဆရာမအမျိုးသားတော့နယ်နေပြီ(အသုတ်)လို့ထင်တာ
ဆရာမမိုးချိုသင်းက အပြောဦးသွားတယ်
ဆရာမ ရဲ့ ဖြစ်သလိုကလည်း ကျွန်တော့် ဖြစ်သလိုထက်အောင် ပိုဆိုးနေပြီ... ဖြစ်သလိုက တော်တော်လေးကောင်းနေတာကိုပြောတာပါ... ;)
...လာစားအုံးမယ်...အစ်မရေ...ပြန်ရောက်နေပြီ...
ဖြစ်သလိုလေးကလဲ ကောင်းလှချည်လားဆရာမရယ်။ ထမင်းသုပ်လေးကို အမဲသားကြော်လေးကိုက်လိုက်၊ ငရုတ်သီးကောင်လုံးကြော်လေးကိုက်လိုက်နဲ့  အမလေး ဂလုကနဲမျိုချလိုက်ရတယ်။အဲလိုမျိုးဖြစ်သလိုလေးတော့ စားချင်သားး
အားလုံးကို တကယ်ကျွေးချင်တာပါ.. အဲလို လုပ်ကျွေးရတာကိုလည်း ၀ါသနာကိုပါတာ..။ ဘယ်လိုကျွေးရပါ့ :D
လက်ဆေးရဲ့လားး)
အမယ်လေးးး... သရေကျသွားပြီ။ ဒီဇင်ဘာ လာခဲ့မယ်လေ။ ဟိ... ခုမှ ပီနန်က ပြန်ရောက်တာ။...
အစ်မပြောပြောနေတဲ့ မုန့်ဟင်းခါးကလည်း ကျနော်နဲ့ ရေစက်မပါဘူး ထင်ပါ့။
စားရသေးဘူး။
ကျန်မာရေးလည်း ဂရုစိုက်ဦး အစ်မရေ။
သင်ကာ
ဟွန်း စိတ်နာတာ တခုပဲ .. သုပ်နေတာ ကိုယ်တိုင်ဟာကို ကိုရာကျော်လားတဲ့..။
သင့်ကာရေ.. ဒီတခါ တကယ်ချက်မယ်..လာသာ စားဖြစ်အောင်စားးး
ဆရာမ...
သက်ဝေကိုလဲ ကျွေးပါနော်
ဟားဟား.. ဗိုက်ချာအောင်လုပ်တယ်..
Post a Comment