Sep 17, 2007

သောတုဇနဘိက္ခု ကြေညာချက် (၂/၂၀၀၇)

သံဃာ့တပ်ပေါင်းစု အဖွဲ့ ကြီး၏ သပိတ်မှောက် ကံဆောင်ပွဲတွင် ပါဝင်ရန် သောတုဇနဘိက္ခု စာသင်သားရဟန်းများ၏ ကြေညာချက်။
ရက်စွဲ။ စက်တင်ဘာ (၁၅) ရက်၊ ၂၀၀၇ခုနှစ်။

(၁)။ အာဏာပိုင်များအနေဖြင့် သံဃာ့တပ်ပေါင်းစု အဖွဲ့ ကြီးမှ တောင်းဆိုထားသော အချက်များအား ခြွင်းချက် မရှိ လိုက်နာတောင်းပန်ရန် ထပ်မံတောင်းဆိုလိုက်သည်။

(၂)။ အာဏာပိုင်များက လိုက်နာမှုမရှိပါက နောင်တော်တပ်ပေါင်းစုကြီးမှ ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဆိုပါက မြန်မာတစ်ဝှမ်းလုံးရှိ စာသင်သား သောတုဇန ဘိက္ခုများအနေဖြင့် နောင်တော်များနှင့်အတူ ပူးပေါင်း ကံ ဆောင် ကြ ရန် ဆုံးဖြတ်လိုက်သည်။

(၃)။ အာဏာပိုင်များ လာဘ်ထိုးသည့် တံစိုးလက်ဆောင်များအား လက်ခံပြီး အောက်လက် သောတုဇန ဘိက္ခု များအပေါ် တင်းကျပ်သည့် ဥပဒေများ ထုတ်ပြန်သည့် ကျောင်းတိုက်များကို ပြင်းထန်စွာ ရှုတ် ချလိုက် သည်။

(၄)။ အာဏာပိုင်များ ကပ်သည့်ဆွမ်းကို ပယ်ချပြီး ဆွမ်းခံမထွက်သည့်ကျောင်းတိုက်များကို သာသနာ့ အာဇာနည်များ စံပျော်ရာ ကျောင်းတိုက်များအဖြစ် မှတ်တမ်းတင်လိုက်သည်။

(၅)။ သံဃာ့တပ်ပေါင်းစု အဖွဲ့ ကြီးမှ ကံဆောင်မည့် နေ့ ရက်ကို ကြေညာလိုက်သည်နှင့် တပြိုင်နက်၊ နယ်အသီး သီး ရှိ စာသင်သား သောတုဇန ဘိက္ခုများအနေနှင့် တချိန်တည်းတွင် နီးရာသိမ်များတွင် ပတ္တနိက္ကုဇ္ဇန ကံ ဆောင်ခြင်း အမှုကို ပြုကြရန် တိုက်တွန်းလိုက်သည်။

သောတုဇန ဘိက္ခုဖြန့် ဝေခြင်း -

(၁)။ သံဃာ့တပ်ပေါင်းစုအဖွဲ့ ဝင်အားလုံး။
(၂)။ စာသင်သား သောတုဇန ဘိက္ခုအဖွဲ့ ဝင်များအားလုံး (အထက်နှင့်အောက်မြန်မာပြည်)။

သောတုဇန ဘိက္ခုအဖွဲ့ 

No comments: