Sep 23, 2007

ဘုန်းဘုန်းတို့ရဲ့ ပဉ္စမနေ့

ကျမတို့ နိုင်ငံကြီး နှစ်ပေါင်းများစွာ ကံဆိုးမိုးမှောင်ကျနေခဲ့တာကို ကယ်တင်ဖို့ဆိုတာ
မေတ္တာ ဘာဝနာ ဓါတ် သာ
အားကိုးရာ ရှိပါတော့တယ်။ ဒီနေ့ ဘုန်းဘုန်းတို့က မတရားသဖြင့် အကျယ်ချုပ်ကျခံနေရတဲ့ လူထုခေါင်းဆောင် အန်တီစုရှိရာဆီ .. မိုးထဲ လေထဲကနေ ဆိုက်ဆိုက်မြိုက်မြိုက် ကြွချီလို့ မေတ္တာ အရောက် ပို့ခဲ့ကြပါတယ်။
မှတ်တမ်းတင် ပုံလေးတွေမှာ ကြည်ညိုနိုင်ပါတယ်။

အန်တီ့အိမ်ရှေ့မှာ မေတ္တာထုကြီး ခုလို ဆိုက်ရောက်ခဲ့ပါတယ်။

အန်တီ့ဆီအရောက် ကြွသွားခဲ့ကြတဲ့ အရှင်ဘုရားများ နဲ့
ပြည်သူအပေါင်းတို့ရဲ့ မေတ္တာတရား နဲ့ သတ္တိ ကိုရော
သံဃာတော်များကို အန်တီ့ဆီ အရောက်ကြွနိုင်အောင်
ဂိတ်ဖွင့်ပေးတဲ့ တာဝန်ရှိသူတွေကိုရော
ဒီနေရာကနေ လှိုက်လှိုက်လှဲလှဲ လေးစားစွာ ဂါရ၀ ပြုလိုက်ပါတယ်..။

မေငြိမ်း
၂၂ စက်တင်ဘာ ၀၇။

No comments: