Sep 23, 2007

ဖြန့်ဝေခြင်း(၁၁)


မြန်မာနိုင်ငံ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ မော်ဒယ် အနုပညာရှင်များ၏ ပြည်သူလူထုကြီးသို့ ပန်ကြားချက်

၁။ ယနေ့ ပြည်သူလူထုကြီး၏ ကိုယ်စား ပြည်သူလူထုကြီး၏ ရှေ့က မားမားမတ်မတ် ရပ်၍ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ် တိုက်ပွဲဝင်နေကြသော သံဃာထု တရပ်လုံးနှင့် ကျောင်းသားထု တရပ်လုံး၏ အကြမ်းမဖက်သော လှုပ်ရှားမှုကို ကျွန်ုပ်တို့ အနုပညာရှင်များက အပြည့်အ၀ တခဲနက် အသိအမှတ် ပြုပါသည်။

၂။ ယနေ့ လတ်တလောအခြေအနေတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုကြီးက နိုင်ငံတော် အစိုးရ ထံ တောင်းဆိုထားသော တောင်းဆိုချက်(၄)ရပ် ကို ကျွန်ုပ်တို့အနုပညာရှင်များက အကြွင်းမဲ့ထောက်ခံပါသည်။

၃။ သို့ဖြစ်၍ ယနေ့ သံဃာထုကြီး နှင့် ကျောင်းသားထုကြီးက ကိုယ်ကျိုးစွန့် အနစ်နာခံ ဦးဆောင် ဆင်နွှဲ နေသော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲတွင် ပြည်သူလူထုကြီး အနေနှင့် ကျွန်ုပ်တို့ အနုပညာရှင်များနှင့် အတူ ရင်ပေါင်တန်း၍ ပါဝင် ချီတက်ကြပါရန် ရဲရင့် ရိုးသားစွာ နှိုးဆော် တိုက်တွန်းလိုက်ပါသည်။

မြန်မာနိုင်ငံ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ မော်ဒယ် အနုပညာရှင်များ
၂၀၀၇ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်၊ ရန်ကုန်မြို့။

No comments: