Sep 1, 2007

ဖြန့်ဝေခြင်း(၆)

ဂျပန်ခေတ်တုန်းကလည်း ကင်ပေတိုင်ဖက်ဆစ်တွေ အလိုကျ ကိုယ့်ဗမာအချင်းချင်း နှိပ်စက်ခဲ့တဲ့ သူတွေ ရှိခဲ့တာပါပဲ။ အဲဒီတုန်းက အဲဒီ အလိုတော်ရိတွေ တမိသားစုလုံးကို အရပ်က ၀ိုင်းကျဉ်တာတွေ.. ဘုန်းကြီးတွေက ဆွမ်းခံမကြွတာတွေ ရှိခဲ့တာ ကြားဖူးပါတယ်။ ဗြိတိသျှခေတ်ကျတော့ ဗြိတိသျှ အလိုတော်ရိတွေ။ အဲဒီတုန်းက ဗြိတိသျှကတော့ ကမ်းကုန်အောင် ရက်စက်တာမျိုး မရှိခဲ့ပေမယ့် အလိုတော်ရိတွေကိုတော့ အရပ်ထဲက မျိုးချစ်စိတ်ရှိသူတွေက ၀ိုင်းပြီး ရွံရှာတာကိုတော့ ခံခဲ့ကြရတာပါပဲ။ အဲဒီ နယ်ချဲ့အစိုးရအလိုတော်ရိတွေရဲ့ သားသမီးတွေဆို ပတ်ဝန်းကျင်မှာ အကျဉ်ခံရ.. အလှောင်ပြောင်ခံရတာတွေ ရှိခဲ့ပါတယ်။ ဒါဟာ တရားဥပဒေနဲ့ အပြစ်ပေးလို့ မရတဲ့သူတွေကို လောကဓမ္မက အပြစ်ပေးတဲ့ သဘောပါပဲ။ ပြည်သူ့တရားစီရင်ရေးနဲ့ အပြစ်ပေး တာပါပဲ။

ခုလည်း ဆင်းရဲဒုက္ခပေါင်းစုံ ကြုံနေရတဲ့ ကိုယ့်ပြည်သူတွေကို မညှာတာဘဲ.. အမျိုးမျိုး နှိပ်စက်နေတဲ့ စစ်အစိုးရရဲ့ အလိုကျ .. လူထုကို အန္တရာယ်ပေးတဲ့သူတွေ ထွက်လာပြန်ပါပြီ။ အဲဒီ သခင်အားရ ကျွန်ပါးဝ လုပ်နေတဲ့ စစ်အစိုးရရဲ့ လက်ပါးစေတွေ စာရင်းကို ပြည်တွင်းက တာဝန်သိ ပြည်သူတွေရဲ့ အကူအညီနဲ့ ရသလောက် ရှာဖွေ တင်ပေးနိုင်ပါပြီ။ သူတို့ဟာ သမိုင်းတခုမှာတော့ လူထုကို နှိပ်စက်တဲ့ တရားခံတွေ ဖြစ်ခဲ့ပါပြီ။ အနည်းဆုံး တော့ ကျမတို့ သမိုင်းတင်နိုင်ခဲ့ပါပြီ။

အဲဒီ ပြည်သူလူထုရဲ့ ရန်သူတွေ ဖြစ်တဲ့ တရားခံများရဲ့ အမည်စာရင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

No comments: