Sep 28, 2007

လှေခွက်ချည်းကျန် အလံမလှဲ..

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
ဆွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်
ပြည်သူ့စွမ်းအား မကိုးစားလျှင်
ဓါးသွားလည်း ကြွေ
လှံလည်း ခွေအံ့။

1 comment:

Unknown said...

သနားဖို့ကောင်းတယ်ဗျာ ...။ သာသနာ့ဝန်ထမ်းတွေ နိုင်ငံရေးအတွက်အသုံးချခံနေရတာ..နိုင်ငံတကာ
အလယ်မှာတော်တော်ရှက်ဖို့ကောင်းနေပြီ ။ဝိနည်း ၊ သိက္ခာပုဒ်တွေနဲ့ တရားအားထုတ်ရတဲ့ ဘုရားသားတော်တွေ နိုင်ငံရေးရဲ့ သားကောင်တွေဖြစ်နေကြပြီ ။ တကယ်တမ်း နိုင်ငံတော်ကို ကောင်းစေချင်နေကြတာလား ။ ကောင်းစေချင်တယ်ဆိုရင် ဆူပူအုံကြွတာတွေမလုပ်ကြပါနဲ့ဗျာ ။ ကျွန်တော်တို့ပြည်သူတွေအနေအစား ကျပ်တယ် ။ သွားရလာရတာ မလွတ်လပ်တော့ဘူး ။ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် တိုင်းပြည်သူ့ကျွန်ဘ၀ရောက်မယ့် လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြပါတော့ ။ တောင်းပန်ပါတယ်ဗျာ ။ ၈၈ တုန်းကလို လူအချင်းချင်း မထင်ရင် မထင်သလို သတ်ဖြစ်ခံနေရတဲ့ ဘ၀မျိုးကို ကြောက်လှပါပြီ ။ ကျွန်တော်တို့ အေးချမ်းစွာ လုပ်ကိုင်စားသောက်ချင်ပါတယ် ။