Sep 8, 2007

ဖြန့်ဝေခြင်း(၁၀)

ငါသည် မင်းဧကရာဇ်ကို မမှု။ ဘုရင်ကိုလည်းနေရာ မပေး။
သရဖူသုံးခုရှင်ကိုပင် မခယ။
သို့သော် ငါ့စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခြင်းဟူသော
အာကာတန်ခိုးကဲ့သို့ ထက်သော စွမ်းရည်ပိုင်ရှင်ကိုကား
ငါတို့ အားလုံး၏ သခင်အဖြစ် ငါ အသိအမှတ်ပြုသည်။
စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်
ပြည်သူ့စွမ်းအား မကိုးစားလျှင်
ဓါးသွားလည်းကြွေ
လှံလည်းခွေအံ့။
ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ကို ပြည်သူ့တပ်မတော်ကြီး ဖြစ်စေချင်တယ်။
ပြည်သူ့နောက်ကနေပြီး ပြည်သူ့ကို အကာအကွယ်ပေးမယ့် တပ်မတော်
ပြည်သူ့ကို စောင့်ရှောက်ပေးမယ့် တပ်မတော် ဖြစ်စေချင်ပါတယ်။
ဒီမိုကရေစီ လှုပ်ရှားမှုဆိုတာ ပြည်သူလူထုကို အားကိုးပြီးလုပ်ရတဲ့ လှုပ်ရှားမှုပါ။
ဘယ်အဖွဲ့အစည်းရဲ့ ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။
လူတစုရဲ့ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။
လူတယောက်ရဲ့ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။
အများပြည်သူကောင်းကျိုးအတွက် လှုပ်ရှားနေတဲ့ လှုပ်ရှားမှုကြီးဖြစ်ပါတယ်။
သတ္တိရှိရှိနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်သည့်အထိ အားလုံးဆက်ပြီးတော့
ချီတက်သွားနိုင်ပါစေလို့..။
နအဖလူကြီးများဟာ တကယ်ပဲ ဗုဒ္ဓဘာသာကို ရိုသေတယ် လေးစားတယ်၊
တကယ်ပဲ ကျမတို့ရဲ့ ဗုဒမြတ်စွာဘုရားကို ရိုသေတယ် လေးစားတယ် ဆိုလို့ရှိရင်
ပါဏာတိပါတာနဲ့ မုသာဝါဒကိုတော့ ရှောင်ကြဉ်ကြပါလို့ ကျမပြောရမှာပဲ။
အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှကို
တာဝန်အရ ဖီဆန်ကြပါ။ တာဝန်အရ ဖီဆန်ရမယ်။
လူတိုင်းလူတိုင်းမှာ တာဝန်ရှိတယ်။
လူတိုင်းလူတိုင်းမှာ လူ့အခွင့်အရေးတွေကို ကာကွယ်ဖို့ တာဝန်ရှိတယ်။
(ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့်ခွန်းပေါင်းချုပ် မှ)

No comments: