Sep 27, 2007

ဖြန့်ဝေခြင်း(၂၃)

ကိုယ်ချင်းစာလို့ တွေးစမ်းပါ

အို... လက်နက်ကိုင်တို့ ..
သင်တို့သွေးသား သူတပါးက
သတ်လားဖြတ်လား ရက်စက်ငြားက
ဒေါသမထွက် အေးစက်စက်ဖြင့်
ဆက်လက် ပစ်ခတ်ဝံ့မည်လား။

အို ... ရပ်ကြည့်သူတို့ ..
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ရက်စက်ငြားက

ဒေါသမထွက် အေးစက်စက်ဖြင့်

ဆက်လက် ရပ်ကြည့်နေမည်လား။

အို .. ကပ်မြောင်ဖားတို့ ..
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ရိုက်လားနှက်လား

ဖမ်းလားဆီးလား ပိတ်ဆို့ငြားက

ဒေါသမထွက် အေးစက်စက်ဖြင့်

ဆက်လက် ဖားနေဦးမည်လား။

အို .. ထိုင်နေသူတို့ ..
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ရက်စက်ငြားက

ဒေါသမထွက် မစွက်ဖက်ဘဲ

ဆက်လက် ထိုင်နေနိုင်မည်လား။

အို ... စစ်ဝါဒီတို့ ...
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ဖမ်းဆီးငြားက

ဒေါသမထွက် အေးစက်စက်ဖြင့်

အသက်ရှင်နိုင်ဦးမည်လား။

ထိန်လင်း
စက်တင်ဘာ ၂၆၊ ၂၀၀၇

No comments: